နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျိုးဘိုင်ဒင်ကို သမ္မတအဖြစ် အတည်ပြုပါက အိမ်ဖြူတော်မှဖယ်ပေးမည်ဟု ဒေါ်နယ်ထရမ့် ဆို

နိုဝင်ဘာ ၂၇၊ ဝါရှင်တန်


ကိုယ်စားလှယ်အဖွဲ့က ဂျိုးဘိုင်ဒင်ကို သမ္မတသစ်အဖြစ် အတည်ပြုပါက အိမ်ဖြူတော်မှ ထွက်ခွာသွား မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။ ဒေါ်နယ်ထရမ့်မှာ နိုဝင်ဘာလ ၃ ရက်က ကျင်းပခဲ့သည့် သမ္မတရွေးကောက်ပွဲ ရှုံးနိမ့်မှုကို လက်ခံဖို့ ငြင်းဆန်နေဆဲဖြစ်ပြီး ယင်းကိစ္စမှာ လက်ခံရန် ခက်ခဲသည်ဟု ဆိုခဲ့သည်။


ကိုယ်စားလှယ်မဲ ရရှိမှုတွင် ရှုံးနိမ့်သည်ဟု အတည်ပြုနိုင်ပါက အိမ်ဖြူတော်က ဖယ်ပေးမလားဟု သတင်းထောက်က မေးမြန်းချိန်တွင် ဒေါ်နယ်ထရမ့်က ''သေချာပေါက် ဖယ်ပေးမှာပါ။ ကျွန်တော် ဖယ်ပေးမယ်ဆိုတာ ခင်ဗျားတို့လည်း သိပါတယ်။ ဒါပေမဲ့ သူတို့ ဂျိုးဘိုင်ဒင်ကို ရွေးကောက်တင်မြှောက်လိုက်ရင် မှားသွားမှာပါ။ မဲမသမာမှု ကြီးကြီးမားမားရှိနေတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ အဲဒီတော့ အရှုံးကို လက်ခံဖို့ အရမ်းခက်ခဲမှာပါ'' ဟု ဖြေခဲ့သည်။


အမေရိကန်နိုင်ငံတွင် သမ္မတရွေးကောက်တင်မြှောက်သည့် ကိုယ်စားလှယ်မဲစနစ်အရ ဂျိုးဘိုင်ဒင်မှာ ကိုယ်စားလှယ်မဲ ၃၀၆ မဲ ရရှိပြီး ဒေါ်နယ်ထရမ့်က ကိုယ်စားလှယ်မဲ ၂၃၂ မဲ ရရှိခဲ့သည်။ ဂျိုးဘိုင်ဒင်မှာ သမ္မတဖြစ်ရန် လိုအပ်သည့် ကိုယ်စားလှယ်မဲ ၂၇၀ ထက် ပိုများနေပြီး လူထုမဲရရှိမှုတွင်လည်း ဒေါ်နယ်ထရမ့်ထက် ၆ သန်း ပိုများသည်။


လာမည့်ဒီဇင်ဘာလတွင် သမ္မတရွေးကောက်ပွဲ မဲရလဒ်များကို အတည်ပြုရန် ကိုယ်စားလှယ်များ တွေ့ဆုံကြမည်ဖြစ်ပြီး ဂျိုးဘိုင်ဒင်က ဇန်နဝါရီလ ၂၀ ရက်တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်သည်။ သမ္မတရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိခဲ့သည်ဟု ဒေါ်နယ်ထရမ့်က အထောက်အထားမဲ့ စွပ်စွဲမှုများလုပ်ခဲ့ပြီး ဥပဒေကြောင်းအရ စိန်ခေါ်ခဲ့သော်လည်း စိန်ခေါ်မှုအများစု ပယ်ချခံခဲ့ရသည်။ ယခုရက်သတ္တပတ်အတွင်း အာဏာလွှဲပြောင်းရေးလုပ်ငန်းစဉ်များကို ကြီးကြပ်ကွပ်ကဲရသည့် GSA(General Services Administration) အနေဖြင့် လုပ်ငန်းစဉ် စတင်ရန် ဒေါ်နယ်ထရမ့်က သဘောတူညီခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ