နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြိုင်ဘက်အသင်းတွေအတွက် အိပ်မက်ဆိုးတွေပေးမယ့် လီဗာပူးက ဂျိုတာ

နိုဝင်ဘာ  ၂၆


အသက် ၂၃ နှစ်သာရှိသေးတဲ့ လီဗာပူးတိုက်စစ်မှူးလေး ဂျိုတာဟာ ပြီးခဲ့တဲ့နွေရာသီက ဝုဗ်အသင်းကနေ ယူရို ၄၄ ဒသမ၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူပါ။ ဂျိုတာဟာ လီဗာပူးနဲ့ လက်စတာတို့ပွဲမှာ တိုက်စစ်မှူး ဆာလက် မပါဝင်နိုင်တာကြောင့် သူ့နေရာမှာ အစားဝင်ကစားခဲ့ကာ အသင်းရဲ့တိုက်စစ်ပိုင်းကို မာနေး၊ မာမီနိုတို့နဲ့ တွဲဖက်ကစားရင်း အသင်းအတွက် အနိုင်ဂိုးတစ်ဂိုးသွင်းယူပေး နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဂျိုတာက လက်စတာရဲ့ ခံစစ်ကို အဓိကဒုက္ခပေးခဲ့သူပါ။ လီဗာပူးတိုက်စစ်က ပွဲစတင်ကတည်းက တရစပ် တိုက်စစ်ဆင်ကစားခဲ့တာပါ။ ပွဲချိန် ၄၁ မိနစ်မှာ ဂျိုတာက ဒုတိယဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဂျိုတာဟာ လီဗာပူးအသင်းရဲ့ သမိုင်းတစ်လျှောက် အိမ်ကွင်းပွဲစဉ် ၄ ပွဲဆက်တိုက်သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဂျိုတာဟာ လီဗာပူးအသင်းက နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ် ၄ ပွဲဖြစ်တဲ့ ရှက်ဖီးလ်၊ မစ်ဂျေးလန်း၊ ဝက်စ်ဟမ်းနဲ့ လက်စတာ အသင်းတွေနဲ့ပွဲစဉ်မှာ သွင်းဂိုးတွေသွင်းယူပေးနိုင်ခဲ့ပါ တယ်။ လက်ရှိရာသီမှာ ဂျိုတာက လီဗာပူးအတွက် ပြိုင်ပွဲစုံ ၁၂ ပွဲ ပါဝင်ကစားပေးထားပြီး သွင်းဂိုး ၈ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။ ဒါကြောင့် ဂျိုတာဟာ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေအတွက် အိပ်မက်ဆိုးတွေ ပေးမဲ့ လီဗာပူးတိုက်စစ်မှူးလေးလို့ ဆိုရတော့မှာပါ။

(SO)






အခြားဆက်စပ်သတင်းများ