နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
CR-7 အမှတ်တံဆိပ်နဲ့ မန်ချက်စတာမြို့မှာ ကြယ်လေးပွင့်အထက်အဆင့်ရှိ ဟိုတယ်ဖွင့်မယ့် ရော်နယ်ဒို

နိုဝင်ဘာ  ၂၆


ပေါ်တူဂီကြယ်ပွင့်ရော်နယ်ဒိုဟာ ဘောလုံးကွင်းပြင်ပစီးပွားရေးလုပ်ငန်းအဖြစ် မန်ချက်စတာမြို့မှာ ကြယ်လေးပွင့်အထက်အဆင့်ရှိတဲ့ ဟိုတယ်တစ်ခုဖွင့်လှစ်နိုင်တော့မယ်လို့ သိရပါတယ်။ ရော်နယ်ဒိုဟာ အသက် ၃၅ နှစ်ရှိပေမယ့် လက်ရှိဂျူဗင်တပ်အသင်းနဲ့အတူ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲမှာပါဝင်နေဆဲ ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်ရဲ့ ကမ္ဘာ့လုပ်ခလစာအများဆုံး ဘောလုံးသမား ၃ ဦးစာရင်းမှာ ပါဝင်နေပြန်ပါတယ်။ ရော်နယ်ဒိုရဲ့ CR-7 ဆိုတဲ့ အမှတ်တံဆိပ်နဲ့ အမျိုးသားအတွင်းခံဘောင်းဘီတွေ၊ ရေမွှေးတွေ ထုတ်လုပ်နေသလို စပိန်နိုင်ငံ မက်ဒရစ်မြို့မှာလည်း ပုဂ္ဂလိကဆေးရုံတစ်ရုံကို မကြာခင်က ဖွင့်လှစ်ထားနိုင်ခဲ့ပါတယ်။ ယခုလည်း မန်ချက်စတာမြို့လယ်ခေါင်မှာ ကြယ်လေးပွင့်အထက်အဆင့်ရှိ ဟိုတယ်တစ်လုံးဖွင့်ဖို့ အာဏာပိုင်တွေဆီက ခွင့်ပြုချက်ရရှိခဲ့ပြီးဖြစ်လို့ ဘယ်အချိန်ဖွင့်မလဲဆိုတာတော့ အတိအကျမသိရသေးကြောင်း Building.Com.uk ရဲ့ ဖော်ပြချက်မှာ တွေ့ရှိခဲ့ရပါတယ်။ ရော်နယ်ဒိုက မန်ချက်စတာ၊ မွေးရပ်မြေ မန်ဒိုင်ရာမြို့နဲ့ လစ္စဘွန်းမြို့တွေမှာ ဟိုတယ်တွေဖွင့်သွားဖို့ရှိကြောင်း ဟိုတယ်မှာ အခန်းပေါင်း ၁၅၀ အထိ ပါဝင်မယ်လို့ အင်္ဂလန်သတင်းဌာနတွေက ဖော်ပြထားပါတယ်။ တချို့သတင်းဌာနတွေက ရော်နယ်ဒို မန်ချက်စတာမြို့မှာ ဟိုတယ်လာဖွင့်တာဟာ မန်ယူ အသင်းထံပြောင်းရွှေ့လိုတဲ့ ဆန္ဒကိုထုတ်ဖော်ပြသနေတာဖြစ်ကြောင်းများ ရေးသားထားကြပါတယ်။ ဒါပေမယ့် ဒီသတင်းတွေဟာ ကောလာဟလအဆင့်မှာပဲ ရှိပါသေးတယ်။

(SO)






အခြားဆက်စပ်သတင်းများ