နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လာလီဂါမှာ ရုန်းကန်နေရတဲ့ ဘာစီတို့ ဥရောပပွဲတွေမှာတော့ ပုံစံကောင်းတွေပြသနိုင်

နိုဝင်ဘာ  ၂၆


ဘာစီလိုနာအသင်းဟာ စပိန်လာလီဂါရဲ့ ဒီနှစ်ဘောလုံးရာသီမှာ လိုအပ်ချက်တွေများစွာနဲ့ အင်အားကြီး အသင်းပုံစံမျိုး ပြသနိုင်ခြင်းမရှိသေးပါဘူး။ လာလီဂါ ၈ ပွဲကစားပြီး ရမှတ် ၁၁ မှတ်သာရတာကြောင့် ပွဲတိုင်း ရုန်းကန်နေရပါတယ်။ ဒါပေမယ့် ချန် ပီယံလိဂ်မှာတော့ ဘာစီတို့ပုံစံကောင်းပြသနိုင်ခဲ့ပြီး ၄ ပွဲကစား ၄ ပွဲလုံး နိုင်ကာ ၁၂ မှတ်ပြည့်ရတာကြောင့် နောက်တစ်ဆင့်တက်လှမ်းသွားနိုင်ဖို့ သေချာနေခဲ့ပါပြီ။ ဥရောပပွဲအဖြစ် ချန်ပီယံလိဂ်မှာ ဂျူဗင်အသင်းနဲ့ ဖယ်ရန်ဖာရိုအသင်းတွေနဲ့သာ ကစားရန်ကျန်ရှိပါတယ်။ ဒီရာသီမှာ ဘာစီ တို့ကတော့  ချန်ပီယံလိဂ်ပွဲတွေမှာ ပုံစံကောင်းပြနေပြီး နိုင်ပွဲတွေဆက်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ယူကရိန်းမြေက ပွဲမှာဆိုရင် မက်ဆီပါဝင်ခြင်းမရှိဘဲ ၀−၄ ရလဒ်နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ ဘာစီတို့ ချန်ပီယံလိဂ်မှာ ၄ ပွဲ ကစားပြီး ရထားတဲ့ရမှတ်က လာလီဂါမှာ ၈ ပွဲကစားပြီး ရခဲ့တဲ့ ရမှတ်ထက် ၁ မှတ်တောင်ပိုများနေပါတယ်။ သွင်းဂိုးအရေအတွက်ကလည်း လာလီဂါ ၈ ပွဲကစားပြီး သွင်းယူထားတဲ့ သွင်းဂိုးပေါင်းထက် ၂ ဂိုးသာ လျော့နည်းတာပါ။ ဘာစီတို့ဟာ အုပ်စုဒုတိယနေရာက ဂျူဗင်အသင်းကို ၃ မှတ်ဖြတ်ထားနိုင်တာကြောင့် အုပ်စုပထမနေရာအတွက်လည်း စိုးရိမ်စရာမလိုတဲ့ အခြေအနေမှာရှိပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ