နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တစ်ပွဲကစားရရင် တစ်ပွဲဆိုသလောက် ခြေစွမ်းကောင်းပြသနိုင်တဲ့ မန်ယူတိုက်စစ်မှူးလေး ဗန်ဒီဘိခ်

နိုဝင်ဘာ  ၂၆


မန်ယူဟာ ပရီးမီးယားလိဂ်မှာ တည်ငြိမ်တဲ့စွမ်းရည်ကောင်းတွေမပြသနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်မှာတော့ ခြေစွမ်းကောင်းတွေနဲ့ ပုံမှန်လေးဖြတ်သန်းနေတာတွေ့ရပါတယ်။ ဗုဒ္ဓဟူးနေ့နံနက်ပိုင်းက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘာဆာဆီဟီရာကို ၄−၁ ရလဒ်နဲ့ အမှားအယွင်းမရှိ အနိုင်ရခဲ့ပါတယ်။ ဆိုးရှားက ဝက်စ်ဘရွန်းနဲ့ပွဲစဉ်က လူစာရင်းကို အပြောင်းအလဲနှစ်ခုအဖြစ် ကွင်းလယ်မှာ ဗန်ဒီဘိခ်ကိုထည့်သွင်းပြီး အထောင်မှာ အက်ဒီဆင်ကာဗာနီကို နေရာပေးကစားစေခဲ့ပါတယ်။ ဒီပြောင်းလဲမှုနဲ့ ကစားကွက်ကို အကောင်းဆုံး ဖော်ဆောင်နိုင်တာကြောင့် မှန်ကန်တဲ့လူစားပြောင်းလဲမှုတစ်ရပ်လို့ ဆိုရမှာပါ။ ဒီပွဲမှာ ခြေစွမ်းကောင်းပြခဲ့တာက ဗန်ဒီဘိခ်ပါပဲ။ ဗန်ဒီဘိခ်ဟာ ဒီနှစ်ရာသီမှသာ အိုင်းယက်စ်အသင်းကနေရောက်လာပြီး ပုံမှန်ပွဲထွက်ခွင့် နည်းပါးကာ အရန်ခုံမှာပဲအချိန်ကုန်ဆုံးနေသူဖြစ်ပါတယ်။ ဘာဆာဆီဟီရာနဲ့ပွဲက သူ့အတွက် ပြိုင်ပွဲစုံ ၅ ပွဲမြောက်ပွဲထွက်ကစားခဲ့ရတာပါ။ ပွဲထွက်ကစားရတိုင်း စွမ်းရည်ကောင်းတွေ၊ ပုံစံကောင်းတွေပြသနိုင်ခဲ့ သူပါ။ ဗန်ဒီဘိခ်ဟာ ဘောလုံးအမြင်ကောင်းသူပါ။ ခံစစ်ကနေ တိုက်စစ်အကူးအပြောင်းအတွက် အရေးပါတဲ့ ပေးပို့မှုများစွာ လုပ်ဆောင်နိုင်သူပါ။ ဗန်ဒီဘိခ်ဟာ ဖာနန်ဒက်စ်နဲ့ ဒီထက်ပိုတွဲဖက်ကစားခွင့်ရမယ်ဆိုရင် မန်ယူရဲ့တိုက်စစ်ပိုင်း ပိုမိုတောက်ပြောင်လာမှာပါ။ ဒီနှစ်ဦးတွဲဖက်ကစားတဲ့ပွဲတွေမှာ နေရာလွတ်ပေါင်း များစွာ အခွင့်အရေးပေါင်းများစွာကို ရှာဖွေနိုင်ခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ စွမ်းဆောင်ရည်တွေက ထင်သာမြင်သာရှိခဲ့ပါ တယ်။ ချန်ပီယံလိဂ် Group H မှာ မန်ယူတို့ ဦးဆောင်နေပြီး PSG တို့ လိုက်ပ်ဇစ်တို့လို အသင်းတွေပါဝင်တဲ့ အုပ်စုမှာ နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းတွေရှိနေပါပြီ။ မန်ယူတို့ ဥရောပပွဲစဉ်တွေအပြီးမှာတော့ ပရီးမီးယားလိဂ်ကို အာရုံစိုက်ရဦးမှာပါ။ အခွင့်အရေးရတိုင်း အကောင်းဆုံးပုံစံတွေပြသနေတဲ့ ဗန်ဒီဘိခ်ကရော ပွဲထွက်လူစာရင်းမှာ ဆက်လက်ပါဝင်ခွင့်ရနိုင်မလား၊ မရသင့်ဘူးလားလို့ ဆိုးရှားကို မေးသင့်နေပါပြီ။


(SO)






အခြားဆက်စပ်သတင်းများ