မေ ၃၊ ဝါရှင်တန်
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် လူမြင်ကွင်းသို့ ပြန်ပေါ်လာပြီး ကျန်းမာရေးကောင်းသည့်ပုံစံရှိ၍ ဝမ်းမြောက်မိသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။
ကင်ဂျုံအန်သည် ရက်သတ္တသုံးပတ်နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် ဓာတ်မြေသြဇာစက်ရုံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
''ကျွန်တော်တစ်ယောက်တည်းအတွက်ဆိုရင်တော့ သူ့ကို ကျန်းကျန်းမာမာ ပြန်မြင်ရလို့ ဝမ်းမြောက် ပါတယ်''ဟု ဒေါ်နယ်ထရမ့်က ပြောသည်။
ဧပြီလ ၁၅ ရက်တွင် ကျရောက်သည့် အဘိုးဖြစ်သူ ကင်အီဆွန်း၏ မွေးနေ့ပွဲအထိမ်းအမှတ် အခမ်းအနားတွင် ကင်ဂျုံအန် မတက်ရောက်ခဲ့ခြင်းကြောင့် ယင်း၏ ကျန်းမာရေးနှင့်ပတ်သက်၍ ကောလာဟလများ ထွက်ပေါ် လာခဲ့သည်။
ကင်ဂျုံအန်နှင့်ပတ်သက်၍ ကောလာဟလသတင်းများ ထွက်ပေါ်ခဲ့ချိန်တွင် ဒေါ်နယ်ထရမ့်က ''ကင်ဂျုံအန်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး အကောင်းဘက်ပဲ တွေးထားပါတယ်။ ဒါပေမဲ့ ဒါကို ကျွန်တော် မပြောနိုင်သေးပါဘူး။ သူအဆင်ပြေစေဖို့ ဆုတောင်းရုံပဲ ရှိပါတယ်''ဟု ဆိုခဲ့သည်။
ကင်ဂျုံအန်နှင့် ဒေါ်နယ်ထရမ့်တို့သည် ပြီးခဲ့သည့်နှစ်များအတွင်း ကောင်းမွန်သည့် ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့သည်။ ယင်းတို့နှစ်ဦးမှာ ၂၀၁၈ ခုနှစ်နောက်ပိုင်း သုံးကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ပြီး တစ်ဦးနှင့် တစ်ဦး စာ အပြန်အလှန် ပေးပို့ခဲ့ကြဖူးသည်။
Ref:BBC(KNT)