မေ ၃၊ မက်ဒရစ်
စပိန်နိုင်ငံက ပိတ်ဆို့မှုစည်းမျဉ်းများကို တဖြည်းဖြည်းချင်း ဖြေလျှော့လျက်ရှိရာ လာမည့်တနင်္လာနေ့မှစတင်၍ အများပြည်သူ ပို့ဆောင်ရေးယာဉ်များပေါ်တွင် နှာခေါင်းစည်းမဖြစ်မနေ ဝတ်ဆင်ရမည့်အမိန့် ထုတ်ပြန်ခဲ့သည်။
အထူးသဖြင့် ကားဂိတ်၊ ရထားဘူတာ၊ လေဆိပ် စသည့်နေရာများအပါအဝင် အခြားနေရာများတွင် အသုံးပြုရန် အစိုးရက နှာခေါင်းစည်း ၆ သန်း ဖြန့်ဖြူးပေးသွားမည်ဖြစ်ပြီး ဒေသခံအာဏာပိုင်များထံသို့ နောက်ထပ်နှာခေါင်းစည်း ၇ သန်း ဖြန့်ဖြူးပေးမည်ဟု စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်က ပြောသည်။
ရက်သတ္တပတ်ခုနစ်ပတ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့သည့်စနေနေ့တွင် စပိန်နိုင်ငံမှ အရွယ် ရောက်ပြီးသူများက အိမ်အပြင်ဘက်တွင် လေ့ကျင့်ခန်းလုပ်ခွင့်ရခဲ့သည်။ အခြားဥရောပနိုင်ငံများတွင် ပိတ်ဆို့မှု များ ဖြေလျှော့နေသော်လည်း လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရမည့် စည်းမျဉ်းများမှာ အကျုံးဝင်နေဆဲဖြစ်သည်။ အချို့နိုင်ငံများတွင် ဈေးဆိုင်များနှင့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်တွင် နှာခေါင်းစည်း ဝတ်ဆင် ကြရန် စည်းမျဉ်းထုတ်ပြန်ထားသည်။ အီတလီနိုင်ငံမှာ ဥရောပနိုင်ငံများအနက် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှုအများဆုံး နိုင်ငံအဖြစ် ရပ်တည်နေပြီး လူ ၂၈၀၀၀ ကျော် သေဆုံးခဲ့သည်။ ဗြိတိန်နိုင်ငံတွင်လည်း သေဆုံးသူ ၂၈၀၀၀ ကျော်ရှိပြီး စပိန်နိုင်ငံတွင် သေဆုံးသူ ၂၄၀၀၀ ကျော် ရှိနေသည်။
Ref:BBC(KNT)