နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်နိုင်ငံတွင် COVID-19 ကြောင့် သေဆုံးသူ ၁၀၀၀၀၀ နှင့်အထက် ရှိလာနိုင်ဟု ဒေါ်နယ်ထရမ့် ဆို

အမေရိကန်နိုင်ငံတွင် COVID-19 ကြောင့် သေဆုံးသူ ၁၀၀၀၀၀ နှင့်အထက် ရှိလာနိုင်သည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပထမဆုံးအကြိမ် ဝန်ခံခဲ့သည်။ COVID-19 ကူးစက်ပျံ့နှံ့မှုကို ပုံဖော်ထားသည့် ပုံစံခွက်မော်ဒယ်များအရ အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါကြောင့် သေဆုံးသူ ၁၀၀၀၀၀ နှင့်အထက်ရှိနိုင်သည်ဟု CNN သတင်းဌာန၏ State of the Union အစီအစဉ်တွင် ကူးစက်ရောဂါဆိုင်ရာ အမျိုးသားသိပ္ပံဒါရိုက်တာ ဖော်စီက ပြောခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်က ယခုကဲ့သို့ မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။ လူတစ်ဦးနှင့်တစ်ဦးကို ခပ်ခွာခွာနေခိုင်းပြီး လူအများအပြား စုဝေးမှုကို ကန့်သတ်သည့် လမ်းညွှန်ချက်များကို ဧပြီလ ၃၀ ရက်အထိ သက်တမ်းတိုးမြှင့်ရန် ဆုံးဖြတ်လိုက်သည်ဟု ပြီးခဲ့သည့်တနင်္ဂနွေနေ့ ညနေပိုင်းက အိမ်ဖြူတော်တွင် ကျင်းပသည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ဒေါ်နယ်ထရမ့်က ပြောသည်။ အမေရိကန်နိုင်ငံတွင် ရောဂါကူးစက်ခံရသူ ၁၃၉၇၀၀ ရှိပြီး သေဆုံးသူ ၂၄၀၀ ကျော် ရှိနေသည်။ အမေရိကန်နိုင်ငံမှာ အချိန်တိုအတွင်း တရုတ်နှင့် အီတလီနိုင်ငံများကို ကျော်ဖြတ်ပြီး ကမ္ဘာပေါ်တွင် COVID-19 ကူးစက်ခံရသူအများဆုံးနိုင်ငံဖြစ်လာခဲ့သည်။ အမေရိကန်အစိုးရက တုံ့ပြန်လှုပ်ရှားခြင်းမရှိခဲ့ပါက အမေရိကန်နိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ၂ သန်းကျော်အထိ မြင့်တက်လာလိမ့်မည်ဟု ဒေါ်နယ်ထရမ့်က ပြောသည်။ သို့သော် စည်းလုံးညီညွတ်မှုရှိရှိဖြင့် ထိရောက်ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့သည်ဟု ဒေါ်နယ်ထရမ့်က ဆိုသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ