နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စီးရီးအေ ထိပ်သီးအသင်းများမှ ထိပ်သီးဂိုးသွင်းသူများရဲ့အားပြိုင်မှု

နိုဝင်ဘာ ၂၅


လက်ရှိစီးရီးအေပြိုင်ပွဲရဲ့ ချန်ပီယံဆုအတွက်  ပြိုင်ဆိုင်မှုစိတ်ဝင်စားစရာ သိပ်မကောင်းသေးပေမယ့် ထိပ်သီးအသင်းတွေက ပရိသတ်အကြိုက် ထိပ်သီးကစားသမားတိုက်စစ်မှူးတွေရဲ့ ဂိုးတွေအပြိုင်အဆိုင် သွင်းယူနေမှုက ပို၍ ပို၍စိတ်ဝင်စားဖွယ်ဖြစ်နေပါတယ်။ စီးရီးအေရဲ့ စကူဒက်တို့ဖလားကြီးကိုတော့ ဂျူဗင်တပ်တို့သာ သိမ်းပိုက်နိုင်ခဲ့၊ သိမ်းပိုက်နိုင်ဆဲ၊ ဆက်လက်သိမ်းပိုက်နေဦးမှာပဲလို့ ထင်ကြေးတွေ ပေးနေကြပါတယ်။ ဒီရာသီစီးရီးအေရဲ့ထူးခြားမှုကတော့ ထိပ်သီးအသင်းကြီးသုံးသင်းဖြစ်တဲ့ ဂျူဗင်၊ အေစီ မီလန်၊ အင်တာမီလန်အသင်းတို့ရဲ့ တိုက်စစ်မှူးသုံးဦးဖြစ်တဲ့ ရော်နယ်ဒို၊ အီဗရာဟင်မိုဗစ်၊ လူကာကူတို့ရဲ့ ဂိုးသွင်းစွမ်းရည်ပြိုင်ဆိုင်မှုက အထူးခြားဆုံးပဲဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ပွဲတွေမှာတော့ မိုဘစ်က နာပိုလီအသင်းကို ၂ ဂိုးသွင်းယူခဲ့ပေမယ့် ဒဏ်ရာတော့ရသွားခဲ့ပါတယ်။ ရော်နယ်ဒိုက ကက်ဂလီယာရီလို ၂ ဂိုး သွင်းယူနိုင်ခဲ့သလို လူကာကူကလည်း တိုရီနိုအသင်းကို ၂ ဂိုးသွင်းကာ အသင်းကိုအနိုင်ရစေခဲ့ပါတယ်။ ဒီတိုက်စစ်မှူး ၃ ယောက်မှာ မိုဘစ်က ၆ ပွဲကစားကာ ၁၀ ဂိုးသွင်းယူထားပြီး ရော်နယ်ဒိုက ၅ ပွဲ ကစား ၈ ဂိုးသွင်းယူထားကာ လူကာကူက ၇ ပွဲကစားပြီး ၇ ဂိုးသွင်းယူထားသူများဖြစ်ပါတယ်။ နောက်ထပ် စီးရီးအေပွဲစဉ်တိုင်းမှာ ဒီတိုက်စစ်မှူးတွေက မဖြစ်မနေဂိုးတွေသွင်းယူနေဦးမှာပါ။ ဒီရာသီစီးရီးအေကတော့ ဆုဖလားထက် ဂိုးအများဆုံးသွင်းမယ့်ကစားသမားကို စိတ်ဝင်စားမှုက ပိုမြင့်တက်လို့နေပါတယ်။ ဂိုးသွင်း ဘုရင်ဆုကိုလည်း သမ္ဘာရင့်ကစားသမား၊ အသက်အရွယ်ကြီးတဲ့ ကစားသမားတွေသာ ပြိုင်ဆိုင်မှုပြင်းထန် နေတာ တွေ့ရပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ