နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်ယူပရိသတ်တွေရဲ့ ဝေဖန်မှုတွေခံနေရတဲ့ အမှုဆောင်အရာရှိချုပ် အက်ဝုဒ်ဝါဒ် ထွက်ခွာဖွယ်ရှိနေ

နိုဝင်ဘာ ၂၅


မန်ယူအသင်းဟာ ဒီလအတွင်းအမှုဆောင်အရာရှိချုပ်တစ်ဦး ရှာဖွေနေပါတယ်လို့ သတင်းတွေရနေ ပါတယ်။ လက်ရှိအမှုဆောင်အရာရှိချုပ် အက်ဒ်ဝုဒ်ဝါ့ဒ်က အသင်းကနေ နုတ်ထွက်မယ့်သတင်းတွေ ထွက်ပေါ် နေပါပြီ။ ဝုဒ်ဝါ့ဒ်ရဲ့လုပ်ဆောင်ချက်တွေကို မန်ယူပရိသတ်တွေက ဝေဖန်မှုတွေလုပ်ဆောင်လာခဲ့ပါတယ်။ ယခုဝုဒ်ဝါ့ဒ်အသင်းက ထွက်တော့မယ်ဆိုတော့ ပရိသတ်တွေရဲ့ဆန္ဒပြည့်ဝတော့မယ်လို့ ဆိုရမှာဖြစ်ပါတယ်။ အသင်းအနေနဲ့လည်း အမှုဆောင်အရာရှိချုပ်အသစ်ရှာဖွေရာမှာ အဲဗာတန်က မာဆယ်ဘရန်းစ်ကို ခန့်အပ်ဖို့  ရေပန်းအစားဆုံးဖြစ်နေပါတယ်။ နယ်သာလန်သား မာဆယ်ဘရန်းစ်ဟာ အဲဗာတန်အတွက် ကစားသမား ကောင်းတွေ ခေါ်ယူပေးထားနိုင်ခဲ့ပြီး သူ့ရဲ့အပြောင်းအရွှေ့လှုပ်ရှားမှုတွေကလည်း ကောင်းမွန်တဲ့အနေ အထားမှာရှိတာကြောင့် ဂွတ်ဒီဆင်ပါ့ခ်မှာ အားကိုးရတဲ့သူတစ်ဦးဖြစ်ပါတယ်။ မန်ယူနည်းပြဆိုးရှားက ဘရန်းစ်နဲ့ လက်တွဲလုပ်ကိုင်လိုနေပြီး သူ့အတွက် ပရီးမီးယားချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ ကစားသမားတွေ ခေါ်ယူပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။ အသက် ၅၈ နှစ်ရှိပြီဖြစ်တဲ့ ဘရန်းစ်ဟာ အဲဗာတန်ရဲ့ကစားသမား တွေနဲ့ ပရိသတ်တွေရဲ့ယုံကြည်မှုကိုရရှိထားကာ သူဟာ PSV နဲ့ အယ်လ်ခမာအသင်းတို့မှာလည်း တာဝန်ယူခဲ့ဖူးပြီး အကောင်းဆုံးလုပ်ကိုင်နိုင်ခဲ့သူဖြစ်ပါတယ်။ ဘရန်းစ်ရဲ့ မိတ်ဆွေတွေကတော့ ဘရန်းစ်ဟာ မန်ယူရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်လိမ့်လို့ ပြောကြပါတယ်။ 

(SO)






အခြားဆက်စပ်သတင်းများ