နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်တာမီလန်တိုက်စစ်မှူး မာတီနက်ဇ်ကို ခေါ်ယူရန် မန်စီးတီးအသင်း စီစဉ်

နိုဝင်ဘာ ၂၅


မန်စီးတီးအသင်းသည် အသင်းတိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းရန်အတွက် အင်တာမီလန်အသင်း တိုက်စစ်မှူး မာတီနက်ဇ်ကို ခေါ်ယူရန်စီစဉ်နေကြောင်း သိရသည်။

မန်စီးတီးအသင်းတွင် တိုက်စစ်မှူး အဂူရိုအနေဖြင့် ဒဏ်ရာပြဿနာ မကြာခဏ တွေ့ကြုံနေရသည့်အတွက် ယင်းနေရာတွင် တိုက်စစ်မှူးဂျီးဆပ်စ် ဝင်ရောက်ကစားနေသော်လည်း ဂိုးရရှိရန် ရုန်းကန်နေရသောကြောင့် အသင်းရလဒ်ပိုင်းများ ကျဆင်းလျက်ရှိသည်။

မန်စီးတီးအသင်း ရလဒ်ကျဆင်းနေခြင်းသည် အသင်းတိုက်စစ်ပိုင်းအနေဖြင့် သွင်းဂိုးရရှိရန် ရုန်းကန်နေရ သည့်အတွက် နည်းပြဂွါဒီယိုလာက လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် မာတီနက်ဇ်ကို ခေါ်ယူ အားဖြည့်ရန် စီစဉ်နေခြင်းဖြစ်သည်။

အသက် ၂၃ နှစ်အရွယ်ရှိ မာတီနက်ဇ်သည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလကလည်း ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ရန်နီးစပ်ခဲ့သော်လည်း အင်တာမီလန်အသင်းက ယင်းအတွက် သတ်မှတ် ထားသည့် ပြောင်းရွှေ့ကြေးကြောင့် ဘာစီလိုနာအသင်းအနေဖြင့် လက်လျှော့ခဲ့ရသည်။

မာတီနက်ဇ်ကို ရီးရဲလ်မက်ဒရစ်အသင်းကလည်း စိတ်ဝင်စားနေသကဲ့သို့ ဘာစီလိုနာအသင်းကလည်း ထပ်မံကမ်းလှမ်းမှုပြုလုပ်ရန် စီစဉ်နေသည့်အတွက် လက်ဦးမှုရယူနိုင်ရေးအတွက် မန်စီးတီးအသင်းက ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်သည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ