နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မသုံးစွဲသင့်သော အရည်အသွေးနိမ့် နှာခေါင်းစည်း(Mask)တစ်မျိုးအား အများပြည်သူ သိရှိစေရန် FDA မှ အသိပေးကြေညာ

ရန်ကုန်   မေ  ၃

မသုံးစွဲသင့်သော အရည်အသွေးနိမ့် နှာခေါင်းစည်း Mask တစ်မျိုးအား အများပြည်သူသိရှိစေရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန( FDA)မှ  အသိပေးကြေညာထားကြောင်း သိရသည်။

ယခုလတ်တလောတွင် ပြည်တွင်းသို့ နှာခေါင်းစည်း Mask များအား တင်သွင်းရာ၌ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)တွင် ထောက်ခံချက် လျှောက်ထားခြင်းများ ကင်းလွတ်ခွင့်ပြုထားသော်လည်း ယခုရက်ပိုင်း ပြည်တွင်းဈေးကွက်၌ တွေ့ရှိရသော နှာခေါင်းစည်း Mask တစ်မျိုးတွင် ကြိုးများပြုတ်ထွက်ခြင်း၊ ပြန်ကပ်ထားသော ကော်အရာများ တွေ့ရခြင်း၊ ဘူးခွံတွင် တရုတ်စာများ ရိုက်နှိပ်ထားပြီး ထုတ်လုပ်သည့် ကုမ္ပဏီအမည်၊ နိုင်ငံနှင့် ကုန်ပစ္စည်းအမှတ်တံဆိပ်တို့ ဖော်ပြထားမှုမရှိခြင်းကြောင့် အဆိုပါ နှာခေါင်းစည်း Mask များအား ဝယ်ယူသုံးစွဲခြင်းမပြုကြရန်နှင့် အလားတူ အရည်အသွေးနိမ့် နှာခေါင်းစည်း Mask အမျိုးအစားများကိုလည်း အသုံးမပြုကြရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ အသိပေးကြေညာထားခြင်းဖြစ်သည်။

ယင်းထုတ်ပြန်ကြေညာချက်အရ ပြည်သူများအနေဖြင့် နှာခေါင်းစည်း Mask များ ဝယ်ယူသုံးစွဲရာတွင် ထုတ်လုပ်သည့် ကုမ္ပဏီအမည်၊ နိုင်ငံ၊ ကုန်ပစ္စည်းအမှတ်တံဆိပ်နှင့် ထုတ်လုပ်သည့်ရက်စွဲတို့ကို ပြည့်စုံစွာဖော်ပြထားသော နှာခေါင်းစည်းများကိုသာ ဝယ်ယူအသုံးပြုသင့်ကြောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှလည်း အဝတ်ဖြင့်ပြုလုပ်သော နှာခေါင်းစည်း Mask များ ချုပ်လုပ်နည်း၊ ဝတ်ဆင်ပုံနှင့် ဆောင်ရန်/ရှောင်ရန်တို့ကို ပြည်သူများသိရှိစေရန် ဗဟုသုတဖြန့်ဝေထားကြောင်း သိရသည်။                              

ဆောင်းဦး






အခြားဆက်စပ်သတင်းများ