နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘွန်ဒက်စ်လီဂါက ဒေါ့မွန်အသင်းရဲ့အသက်အငယ်ဆုံးကစားသမားလေး ယူဆွတ်မော်ကိုကို

နိုဝင်ဘာ ၂၅


ဘွန်ဒက်စ်လီဂါဟာ  အသက်အငယ်ဆုံးကစားသမားပေါ်ထွန်းရာ လိဂ်တစ်ခုဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါ ရဲ့ ဒေါ့မွန်အသင်းကတော့ လူငယ်ကစားသမား စင်တင်ပေးရင်း အကျိုးအမြတ်တွေရရှိနေတဲ့အသင်းဆိုရင် မမှားလောက်ပါဘူး။ ယခင်တုန်းက ဘွန်ဒက်စ်လီဂါမှာ အသက်အငယ်ဆုံးကစားသမားက နူရီဆာဟင်ဖြစ်ပြီး အသက် ၁၆ နှစ်၊ ၁၁ လနဲ့ ၁ ရက်ဖြစ်ကာ ၂၀၀၅ ခုနှစ်မှာ နူရင်ဘတ်နဲ့ပွဲမှာ ဒေါ့မွန်တို့ကပဲ ပွဲထုတ်ခဲ့တဲ့ ကစားသမားပါ။ ခုတစ်ခါမှာတော့ ကင်မရွန်းမွေး၊ ဂျာမနီနိုင်ငံသားဟာ ကလပ်ရဲ့ လူငယ် ပွဲ ၈၈ ပွဲကစားပြီး ၁၄၁ ဂိုးသွင်းခဲ့ပြီးဖြစ်ပါတယ်။ ဒေါ့မွန်နည်းပြဖာဗရီက ဟာသာဘာလင်နဲ့ပွဲကို ပွဲပြီးဖို့ ၅ မိနစ်အလိုမှာ မော်ကိုကို ကို ဝင်ရောက်ကစားစေခဲ့တာပါ။ ယူဆွတ်မော်ကိုကို အသင်းမှာဝင်ကစားချိန်ဟာ ၁၆ နှစ်ပြည့်ပြီး နောက်တစ်ရက်မှာ စီနီယာတွေနဲ့အတူ ပွဲထွက်ကစားခွင့်ရခဲ့တာပဲဖြစ်ပါတယ်။ သူ့ရဲ့အနေအထားကိုအကဲခတ် လို့မရပေမယ့် သူ့ရဲ့ခြေစွမ်းကိုတော့ သိထားပြီးဖြစ်ပါတယ်။ ဒီပွဲမှာ ၄ ဂိုးသွင်းခဲ့တဲ့ အာလင်းဟာလန်းက မော်ကိုကို ကို ချီးမွမ်းပြီး သူ့ဆီကနေ နောက်ထပ်ကြီးမားတဲ့အရာတွေ ရရှိလာစရာရှိသေးတယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။ မော်ကိုကိုဟာ အသက် ၁၆ နှစ်တစ်ရက်နဲ့ စီနီယာအသင်းမှာ ပွဲထွက်ခွင့်ရခဲ့တာကြောင့် ဘွန်ဒက်စ်လီဂါသမိုင်းမှာ အငယ်ဆုံးကစားသမားစံချိန်ကို ရရှိခဲ့ပါတယ်။ နည်းပြဖာဗရီပေးတဲ့မွေးနေ့လက်ဆောင်လို့ဆိုရမှာပါ။ ဘွန်ဒက်စ်လီဂါမှာ ယခင်က ၁၆ နှစ်နဲ့ ၆ လရှိမှ ပါဝင်ကစားခွင့်ပြုပေမယ့် ယခုစည်းမျဉ်းသစ်အရ ၁၆ နှစ်ပြည့်ရင် ပါဝင်ကစားခွင့်ပြုခဲ့တာကြောင့် မော်ကိုကို ပါဝင်ကစားခွင့်ရခဲ့တာပါ။ မော်ကိုကိုဟာ ဂျာမန် ယူ−၁၆ နှစ်အသင်းအတွက်လည်း ၄ ပွဲကစား ၃ ဂိုးသွင်းပေးထားပါတယ်။ ဒေါ့မွန် ရဲ့ ယူ−၁၇ နှစ်အသင်းမှာ အသက် ၁၂ နှစ်နဲ့ပါဝင်ကစားနေခဲ့ရင်း ၅၆ ပွဲမှာ ၉၀ ဂိုးသွင်းခဲ့ပါတယ်။ ယူ−၁၉ အသင်းနဲ့အတူ အသက် ၁၄ နှစ်မှာပါဝင်ကစားခဲ့ပြီး ၂၅ ပွဲကစား ၄၇ ဂိုးသွင်းခဲ့တဲ့ မှတ်တမ်းကောင်းတွေပိုင် ဆိုင်ထားသူပါ။

(SO)






အခြားဆက်စပ်သတင်းများ