နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသင်းမှာ မရှိမဖြစ်အားထားရတဲ့ ကစားသမားတစ်ယောက်ကို လမ်းခွဲချိန်တန်ပြီလို့ ယူဆခဲ့တဲ့ ရီးရဲလ်

နိုဝင်ဘာ ၂၅


မက်ဒရစ်အခြေစိုက်သတင်းစာကြီး မာကာရဲ့ဖော်ပြချက်အရဆိုရင် ရီးရဲလ်မှာ တစ်ချိန်က မရှိမဖြစ် အားကစားသမားတစ်ဦးဖြစ်တဲ့ အစ္စကိုကတော့ ပုံမှန်ပွဲထွက်ခွင့်မရရှိခဲ့တာရယ် ပါဝင်ခွင့်ရတဲ့ပွဲတိုင်းခြေစွမ်း မပြနိုင်တာတွေရယ်ကြောင့် ကစားသမားကိုယ်တိုင်အသင်းကနေထွက်ခွာဖို့ ပြင်ဆင်နေကြောင်း ဖော်ပြသွား တာတွေ့ရပါတယ်။ အစ္စကိုက လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ အခွင့်အရေးရရင် ပြောင်းချင်ကြောင်း၊ ထွက်ခွာခွင့်ပေးဖို့ နည်းပြဇီဒန်းထံ တောင်းဆိုခဲ့ပါတယ်။ ယူရိုပြိုင်ပွဲမှာ စပိန်အသင်းနဲ့ ပါဝင်ကစားခွင့်ရဖို့ မျှော်လင့်ချက်နဲ့ အသင်းပြောင်းဖို့ ပြင်ဆင်ခဲ့တာပါ။ ရီးရဲလ်တို့ကလည်း အစ္စကိုနဲ့လမ်းခွဲချိန်တန်ပြီလို့ ယူဆခဲ့ပြီးလာမယ့်ရာသီမှာ ပေါလ်ပေါ့ဘာကိုခေါ်ယူဖို့စီစဉ်ခဲ့ကာ ကစားသမားဆန္ဒရှိပါက မန်ယူအသင်းကို ပေါလ်ပေါ့ဘာနဲ့ အလဲအထပ်ကိစ္စအတွက် ကမ်းလှမ်းသွားရန် စီစဉ်နေကြောင်း သတင်းများထွက်ပေါ်လာ ပါတယ်။ အစ္စကိုခေါ်ယူဖို့  ဂျူဗင်၊ မန်စီးတီးတို့က သတင်းများထွက်ခဲ့ပေမယ့် လက်ရှိမှာတော့ အဲဗာတန် အသင်းက ရှေ့ဆုံးကနေ သတင်းပြေးနေပါတယ်။ အဲဗာတန်နည်းပြအန်ဆယ်လော့တီ ရီးရဲလ်မှာရှိစဉ်က အစ္စကိုကို မာလာဂါအသင်းကနေ ခေါ်ယူစာချုပ်ချုပ်ဆိုခဲ့သူဖြစ်ပါတယ်။ ရီးရဲလ်တာဝန်ရှိသူတွေကတော့ မန်ယူအသင်းက ပေါလ်ပေါ့ဘာကိုအစ္စကို+ ပေါင်သန်း ၃၀ နဲ့ ၄၀ ကြား ကမ်းလှမ်းနိုင်တယ်လို့ ခန့်မှန်းနေ ကြပါတယ်။ အစ္စကိုကတော့ လာမယ့်ဇန်နဝါရီလကာလမှာပဲ ဆုံးဖြတ်ချက်ချရမှာဖြစ်ပါတယ်။ ရီးရဲလ်နဲ့ လမ်းခွဲဖို့ကတော့ သေချာသလောက်ရှိနေပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ