နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တွင် ကြက်သွန်မိတ် စိုက်ပျိုးရောင်းချခြင်းဖြင့် ဝင်ငွေရရှိ

ရေနံချောင်း  နိုဝင်ဘာ  ၂၅

အညာဒေသရှိကိုင်းမြေနုများတွင် မိတ်စားကြက်သွန်ခေါ် ကြက်သွန်မိတ် စိုက်ပျိူးရောင်းချ ခြင်းဖြင့် ဝင်ငွေ ရရှိလျက်ရှိကြောင်း ရေနံချောင်းမြို့နယ်မှ တောင်သူများထံမှ သိရသည်။

ကိုင်းမြေနုများတွင် မိတ်စားကြက်သွန်ကို ဆောင်းရာသီ သီတင်းကျွတ်လမှစ၍ စိုက်ပျိူးကြကြောင်းတန်ဆောင်းမုန်းလမှ၍ စိုက်ပျိူးရက်ကိုမူတည်၍ မိတ်စားကြက်သွန်ခေါ်ကြက်သွန်မိတ်ကိုနုတ်ယူ၍ ကုန်စိမ်းလက်ကား ရောင်းဝယ်သူများအားရောင်းချကြကြောင်း သိရသည်။

ယခင်နှစ်ကာလတူတွင် ကြက်သွန်တစ်ပိသာကျပ် ၁၅၀ဝ ဝန်းကျင်ဝယ်ရကြောင်း၊ ထို့ကြောင့် ကြက်သွန်ကို အနည်းငယ်သာသုံးပြီး ကြက်သွန်မိတ်ကို အဓိကဟင်းချက်ရာမှာ အသုပ်အမြုပ်အဖြစ်အသုံးပြုတဲ့အတွက် စားသုံးသူကလည်း ကြိုက်နှစ်သက်ကြောင်း ဒေသခံစားသောက်ဆိုင်မှ အမျိူးသမီးတစ်ဦးက ပြောသည်။

ဈေးကွက်တွင် ကြက်သွန်မိတ်ခေါ်မိတ်စားကြက်သွန်စည်းတစ်ရာလျှင် အနိမ့်ဆုံးကျပ် ၃၅၀ဝ ရှိပြီး လက်လီမှာ တစ်စည်းငါးဆယ်ကျပ်မှ စတင်ရောင်းချကြောင်း သိရသည်။ ကြက်သွန်ဥအဟောင်း လက်ကျန် နည်းချိန်နှင့် အသစ်မပေါ်မီ စပ်ကူးမတ်ကူးကာလ၌ ကြက်သွန်မိတ်ကို အိမ်ရှင်မများ၊ လက်သုပ်ဆိုင်များ စားသောက်ဆိုင်များတွင် အသုံးပြုကြ၍ ကုန်စိမ်းဈေးကွက်တွင် အရောင်းအဝယ်ရှိကြောင်း၊ ထို့ကြောင့် တောင်သူများစိုက်ပျိူးရောင်းချခြင်းဖြင့် ဝင်ငွေရရှိကြောင်း မကွေးတိုင်း ဒေသကြီး ရေနံချောင်းမြို့နယ်မှ စိုက်ပျိူးသူအချိူ့ထံမှ သိရသည်။

ဆန်းညွန့်ရေနံချောင်း






အခြားဆက်စပ်သတင်းများ