နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
‌လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး

ရန်ကုန်   နိုဝင်ဘာ  ၂၅

လောက၌ အသိဉာဏ်ပြည့်စုံသောသူသည် အရာရာကို ချင့်ချိန်စဉ်းစားလုပ်ကိုင်တတ်၍ ကောင်းကျိုးစီးပွား အဖြာဖြာတိုးပွားလာ၏။ အသိဉာဏ်ပညာသည် အကောင်း၊ အဆိုး၊ အကြောင်းအကျိုးတို့ကို ဝေဖန်ပိုင်းခြား  သိနိုင်စွမ်းပေသည်။ မိမိတို့နိုင်ငံ၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကာကွယ်ရေးအင်အား ခိုင်မာတောင့်တင်း စေရန် နိုင်ငံတော်လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးပါပေသည်။

နိုင်ငံတော်သစ်  တည်ဆောက်ရာတွင် မျိုးဆက်သစ်များ ထွက်ပေါ်ကာ တစ်နိုင်ငံလုံး လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက် ရေးသည် အဓိကကျသည့်အတွက် ပညာရေးကဏ္ဍကို နိုင်ငံတကာအဆင့်မီ မြင့်မားတိုးတက်အောင် ဆောင်ရွက် လျက်ရှိပေသည်။ နိုင်ငံတိုင်းကလည်း လူတိုင်းခေတ်နှင့်အညီ အမီလိုက်နိုင်စေရန် အပြိုင်အဆိုင် ကြိုးပမ်းလျက် ရှိရာ မိမိတို့နိုင်ငံကလည်း ရည်မှန်းချက်များ အောင်မြင်အောင် ကြိုးပမ်းအကောင်အထည်ဖော်ကြရမည် ဖြစ်သည်။

လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ရေးတွင် ပညာရှင်များ၊ ကျွမ်းကျင်သူများနှင့် ကျွမ်းကျင်လုပ် သားများမွေးထုတ်ပေးနိုင်ရေးသည် အဓိကအရေးပါသည်။ နည်းပညာကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်း ပညာရေးကဏ္ဍတွင် ရေရှည်ကောင်းမွန်သော အုတ်မြစ်ချပေးရန်နှင့် ရေတိုလုပ်ငန်းစဉ်များ အောင်မြင်စွာ လုပ်ဆောင်နိုင်စေရန် မူဝါဒလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရန် လိုအပ်သည်။

နည်းပညာကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်း ပညာရေးကဏ္ဍတိုးချဲ့မြှင့်တင်နိုင်ရေးအတွက် တာဝန်ရှိအဖွဲ့အစည်းအသီးသီးနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်သည်။ ယနေ့အခြေအနေသည် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ပြည်သူများမှာ အိမ်ထဲမှာနေထိုင်ရင်း မငြီးငွေ့အောင် မပျင်းရိအောင်တင် မက အကျိုးရှိအောင် ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း အခုကအိုင်တီနည်းပညာခေတ်ဖြစ်ကြောင်း၊  အိုင်တီနည်းပညာသည် တစ်ကမ္ဘာလုံးတွင် တိုးတက်နေကြောင်း မြန်မာနိုင်ငံတွင် ယခုငါးနှစ်အတွင်း ပြည်သူ လူထု မိုဘိုင်းဖုန်း အသုံးပြုမှုနှုန်းမှာ ၁၀၀ ရာခိုင်နှုန်းကျော်ကြောင်း၊ ပျမ်းမျှခြင်းအားဖြင့် တစ်ယောက်မှာ တစ်လုံး မကရှိကြောင်း ယင်းမိုဘိုင်းဖုန်းများကို သုံးခြင်းအားဖြင့် စီးပွားရေးဘက်၊ ပညာရေးဘက်မှာ တိုးတက်နိုင်အောင် သုံးနည်းသုံးဟန်တွေ ပြည်သူတွေကြားထဲမှာ ပညာပေးဖို့၊ သုံးပြီးတော့ ပြည်သူတွေရဲ့ စီးပွားရေးဘက်မှာ တောင့်တင်းလာဖို့ဆိုတဲ့ အစီအစဉ်တွေ ချမှတ်နေကြောင်းနှင့် ယင်းစီမံကိန်းများကိုလည်း စတင်အကောင် အထည်ဖော်မှာဖြစ်ကြောင်း၊
ကျွန်မတို့ ပြည်သူတွေရဲ့ အရည်အချင်းတွေ၊ နည်းပညာအရည်အချင်းတွေ မြှင့်တင်ပေးဖို့လိုကြောင်း၊ မိုဘိုင်းဖုန်းများကို လက်တွေ့ကျကျ ကိုယ်ကျိုးစီးပွားတိုးတက်စေရန် ကိုယ့်မိသားစုအတွက် ဘယ်လို သုံးရမလဲဆိုတာကို နားလည်နိုင်ဖို့ ပံ့ပိုးပေးမှာဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က နိုဝင်ဘာ ၂၀ ရက်တွင် ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ကာလလွန်တွင် မိမိဘဝဖွံ့ဖြိုးတိုးတက်ရေးကို အဘက်ဘက်မှ အစွမ်းကုန်ကြိုးစားအားထုတ် ပြိုင်ဆိုင်မှုများနှင့်အတူ နည်းပညာရပ်များသည်လည်း အရှိန်အဟုန်နှင့် အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာပြီး တစ်နိုင်ငံနှင့်တစ်နိုင်ငံ စိန်ခေါ်မှုများရှိလာရာ လူသားစွမ်းရည်ပြည့်ဝသည့် လူမျိုးဖြစ်စေရန် အားသွန်ခွန်စိုက် ကြိုးပမ်းစေချင်ကြောင်း ။            ။






အခြားဆက်စပ်သတင်းများ