နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်-မုံရွာ-ရန်ကုန် ခရီးစဉ်နှင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန် မော်တော်ယာဉ်ခရီးစဉ်များကို ယခုရက်ပိုင်းအတွင်း ပြေးဆွဲသွားမည်

ရန်ကုန်   မေ  ၃

ရန်ကုန် - မုံရွာ - ရန်ကုန် ခရီးစဉ်ကိုမေ ၅ ရက်တွင် စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။ မော်တော်ယာဉ် ထွက်ခွာချိန်မှာ နေ့စဉ်နံနက် ၁၀ နာရီနှင့် ည ၈ နာရီတို့ဖြစ်ပြီး နှစ်ခုံတစ်ယောက်ထိုင်စနစ်ဖြင့် လိုက်ပါစီးနင်းနိုင်မည် ဖြစ်သည်။

ရန်ကုန် - မော်လမြိုင် - ရန်ကုန် ခရီးစဉ်ကိုလည်း နှစ်ခုံတစ်ယောက်ထိုင် စနစ်ဖြင့် မေ ၂ ရက် ညနေ ၆ နာရီတွင် စတင်ထွက်ခွာပြေးဆွဲပေးနေပြီဖြစ်ပြီးမုဒုံ၊ ကမာဝက်၊သံဖြူဇရပ်၊ ကျိုက္ခမီအထိလိုက်ပါစီးနင်းနိုင် ကြောင်း သိရသည်။

COVID-19 ကာကွယ်ရေးအတွက် မော်တော်ယာဉ်များကိုမထွက်ခွာမီနှင့် ဆိုက်ရောက်ချိန် များတွင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းတို့အပြင် ဝန်ထမ်းအားလုံးနှင့် ခရီးသည်များကိုလည်းကိုယ်ပူချိန် တိုင်းတာခြင်း၊ လက်ဆေးကြောစေခြင်း၊ နှာခေါင်းစည်းတပ်ဆင်စေခြင်းတို့ကို စနစ်တကျစီမံဆောင်ရွက်လျက် ရှိသည်။ မိုးကောင်းကင်၏ အခြားခရီးစဉ်များကိုလည်း နိုင်ငံတော်အစိုးရနှင့် ဒေသဆိုင်ရာအစိုးရအဖွဲ့များ၏ ခွင့်ပြုချက် COVID-19 အခြေအနေများပေါ်မူတည်၍ ထွက်ခွာပြေးဆွဲပေးသွားမည့် နေ့ရက်ကို ခရီးသွားပြည်သူများသိရှိနိုင်စေရန်အတွက် ထုတ်ပြန်ကြေညာ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။                       

အောင်အောင်






အခြားဆက်စပ်သတင်းများ