နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ အတည်ပြုလူနာ ၅၈ ရာခိုင်နှုန်းခန့်သည် ရောဂါလက္ခဏာ မပြသူများဖြစ်

ရန်ကုန်   မေ  ၃

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ  COVID-19 အတည်ပြုလူနာများအနက် ၅၈ ရာခိုင်နှုန်းခန့်သည် ရောဂါလက္ခဏာမပြသူများဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ထိုသို့ ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံရသည့်အချက်ကို သတိပြုပြီး အသွားအလာကန့်သတ် စောင့်ကြည့်ခံရသူများနှင့် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဆောင်ရန်/ရှောင်ရန်အချက်များကို သေချာစွာလိုက်နာမှသာ ပြည်တွင်း၌ကိုရိုနာဗိုင်းရပ်စ်ရောဂါ COVID-19 ကူးစက်ပြန့်ပွားမှုကို အမြန်ဆုံး ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ယင်းကပြောသည်။

ထို့အပြင် သက်ဆိုင်ရာ တာဝန်ရှိသူများအနေနှင့် ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက် လာသူများအားကျန်းမာရေးစစ်ဆေးခြင်း၊ သက်ဆိုင်ရာ အရပ်ဒေသများသို့ စနစ်တကျသယ်ယူပို့ဆောင်ခြင်းနှင့် သတ်မှတ် ထားသော အဆောက်အအုံ၊ နေရာများတွင် အသွားအလာကန့်သတ်စောင့်ကြည့်ခြင်းများကိုလည်း ယခုထက်ပို၍ စနစ်ကျစွာ စီစဉ်ဆောင်ရွက်သွားကြရန်လည်း တိုက်တွန်းထားသည်။

ယင်းသို့ အားထုတ်ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရမှုနှင့် သေဆုံးမှုလျော့နည်းလာပြီး အမြန်ဆုံး ထိန်းချုပ်ကာကွယ်နိုင်စေရန် ရည်မှန်းထားကြောင်း သိရသည်။     

(မိုးယံထက်)






အခြားဆက်စပ်သတင်းများ