နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ပိတ်ဆို့မှုကာလကို ၁၄ ရက် ထပ်မံတိုးမြှင့်

မေ ၂၊ နယူးဒေလီ

အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံတစ်ဝန်း ပိတ်ဆို့မှုကို မေလ ၁၈ ရက်အထိ နောက်ထပ် ရက်သတ္တနှစ်ပတ် သက်တမ်းတိုးမြှင့်ခဲ့သည်။
ပြီးခဲ့သည့်သောကြာနေ့က ထုတ်ပြန်ခဲ့သည့် စည်းမျဉ်းသစ်များတွင် အိန္ဒိယနိုင်ငံရှိ အနီရောင်၊ အစိမ်းရောင်၊ အဝါရောင် ဇုန်သတ်မှတ်ချက်များကိုလည်း ပြင်ဆင်ဖြည့်စွက်ခဲ့သည်။ အနီရောင်ဇုန်များကို ရောဂါကူးစက်မှု အမြင့်မားဆုံး နေရာများအဖြစ် သတ်မှတ်ထားပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်လျက်ရှိသည်။

သို့သော် အန္တရာယ်ဖြစ်နိုင်ခြေနည်းပါးသည့် ဒေသများတွင် ဖြေလျှော့မှုများ ခွင့်ပြုပေးထားသည်။ အိန္ဒိယ နိုင်ငံမှာ မတ်လ ၂၄ ရက်နောက်ပိုင်း ပိတ်ဆို့မှုစည်းမျဉ်းများ ချမှတ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၃၅၀၀၀ ကျော် ရှိနေသည်။ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုတွင် ထိထိ ရောက်ရောက် တုံ့ပြန်နိုင်ပြီဟု ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်သစ်တွင် ဖော်ပြထားသည်။ သို့သော် ပြီးခဲ့သည့်သောကြာနေ့က အိန္ဒိယနိုင်ငံတွင် တစ်ရက်အတွင်း COVID-19 ကူးစက်မှု စံချိန်တင် မြင့်တက်လာခဲ့သည်။ အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အနည်းဆုံး လူ ၁၁၀၀ သေဆုံးခဲ့သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ