မေ ၂၊ ပြုံယမ်း
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်မှာ ရက် ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် လူမြင်ကွင်းသို့ ထွက်ပေါ်လာခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။
ကင်ဂျုံအန်သည် ဓာတ်မြေသြဇာ စက်ရုံသစ်ဖွင့်ပွဲအခမ်းအနားတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်ဟု KCNA သတင်းဌာနက ဖော်ပြသည်။ ပြီးခဲ့သည့်သောကြာနေ့က စက်ရုံဖွင့်ပွဲသို့ ကင်ဂျုံအန် ရောက်ရှိလာချိန်တွင် စက်ရုံမှ လူများက မိုးလုံးညံစေမည့် လက်ခုပ်သံများဖြင့် ကြိုဆိုခဲ့ကြသည်ဟု ဆိုသည်။
ကင်ဂျုံအန်သည် ဧပြီလ ၁၁ ရက်က အစိုးရဝန်ကြီးအဖွဲ့ အစည်းအဝေးကျင်းပခဲ့ပြီးနောက်ပိုင်း လူမြင်ကွင်းသို့ ပထမဆုံးအကြိမ် ထွက်ပေါ်လာခြင်းဖြစ်သည်။ ကင်ဂျုံအန်မှာ ဧပြီလ ၁၂ ရက်က နှလုံးခွဲစိတ်မှုခံယူခဲ့ပြီး ဧပြီလ ၁၄ ရက်တွင် ကျရောက်ခဲ့သည့် အဘိုးဖြစ်သူ၏ မွေးနေ့ပွဲအထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့ခြင်း မရှိသည့်အတွက် "ကျန်းမာရေးအခြေအနေ စိုးရိမ်ရသည်"၊ '' သေဆုံးပြီ''ဆိုသည့် ကောလာဟလများ ထွက်ပေါ်နေချိန်တွင် လူမြင်ကွင်းသို့ ကင်ဂျုံအန် ထွက်ပေါ်လာခဲ့ကြောင်း KCNA က သတင်းဖော်ပြခြင်းဖြစ်သည်။ သို့သော် KCNA သတင်းဌာန၏ ဖော်ပြချက်ကို အတည်ပြုနိုင်ခြင်းမရှိဟု ဘီဘီစီသတင်းဌာနက ဖော်ပြ သည်။
Ref:BBC(KNT)