နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လက်ထောက်အရာရှိကို လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့ခြင်းမရှိဟု ဂျိုးဘိုင်ဒင် ငြင်းဆန်

မေ ၂၊ ဝါရှင်တန်

လွန်ခဲ့သည့် နှစ် ၃၀ နီးပါးက လက်ထောက်အရာရှိတစ်ဦးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့သည်ဆိုသော စွပ်စွဲချက်များကို သမ္မတရွေးကောက်ပွဲဝင်မည့် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်က ခါးခါးသီးသီး ငြင်းဆန်ခဲ့သည်။

ပြီးခဲ့သည့်သောကြာနေ့က ရုပ်သံအင်တာဗျူးအစီအစဉ်တွင် ဂျိုးဘိုင်ဒင်က '' ကျွန်တော် ခါးခါးသီးသီး ငြင်းဆန်ပါတယ်။ အဲဒီလိုမျိုး ဘယ်တုန်းကမှ မဖြစ်ခဲ့ပါဘူး''ဟု ပြောသည်။
ထိုစဉ်အချိန်က တာရာရိဒ်အနေဖြင့် တိုင်ကြားမှုလုပ်ခဲ့ခြင်း ရှိ၊ မရှိ သိရရန် အထက်လွှတ်တော် မော်ကွန်း တိုက်တွင် ရှာဖွေမှုလုပ်ရန် ဂျိုးဘိုင်ဒင်က တောင်းဆိုခဲ့သည်။ တာရာရိဒ်မှာ ပြီးခဲ့သည့်လက ရဲတပ်ဖွဲ့ထံသို့ ပြစ်မှုဆိုင်ရာ တိုင်ကြားမှု ပြုလုပ်ခဲ့သည်။ ယင်း၏တိုင်ချက်မှာ တိုင်ကြားခွင့်သက်တမ်း ကျော်လွန်သွားပြီ ဖြစ်သော်လည်း ယင်း၏လုံခြုံရေးအတွက် ရည်ရွယ်၍ တိုင်ကြားခဲ့ခြင်းဟု ဆိုသည်။

ဂျိုးဘိုင်ဒင်မှာ လာမည့်နိုဝင်ဘာလတွင် ကျင်းပမည့် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရီပတ်ဗလစ်ကန် ပါတီ ကိုယ်စားလှယ်ဖြစ်သည့် သမ္မတ ဒေါ်နယ်ထရမ့်နှင့် ယှဉ်ပြိုင်ရွေးကောက်ခံမည်ဖြစ်သည်။ ဂျိုးဘိုင်ဒင်က ဒီလာဝါရီပြည်နယ် အထက်လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်နေချိန်ကာလအတွင်း တာရာရိဒ်က ယင်း၏လက်ထောက်အရာရှိအဖြစ် ဆောင်ရွက်ခဲ့ဖူးသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ