နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရင်ထဲကအပူ အေးငြိမ်းစေချင်

ရန်ကုန်   နိုဝင်ဘာ  ၂၄

ဆင်းရဲမွဲတေမှုလျှော့ချရေးအတွက် နိုင်ငံတော်က စီမံပေးသည့် အသေးစားငွေစုငွေချေး ဌာနများတွင် အကန့်အသတ်နှင့် ဝိုင်းကြီးချုပ်စနစ်ကြောင့် လက်လုပ်လက်စားဆင်းရဲသား များအတွက် အရေးတကြီးငွေ      လိုအပ်သည့်အခါတိုင်း အမြဲတမ်းအဆင်သင့်ရရှိနေသည့် မူးတိုး၊ မတ်တိုး၊ နေ့ပြန်တိုးများအောက် မရောက်ချင်ဘဲ ရောက်သွားကြရသည်။

ငွေကြေးအလွယ်တကူရရှိကြသော်လည်း ပြန်ဆပ်ရသည့်အချိန်များတွင် မျက်ကလူး ဆန်ပြာမျက်ဖြူဆိုက်ကြရသည်။ လူသည် တစ်ဦးတစ်ယောက်တည်းနေ၍ရသည့် သတ္တဝါမျိုးမဟုတ်ဘဲ အဝန်း နှင့် အဝိုင်းနှင့် စုစုစည်းစည်း နေကြရသည်။

ထိုအစုအဝေးတို့အတွက် စုစည်းခိုင်မာစေမှုတွင် သမဝါယမသည် တစ်ထောင့်တစ်နေရာမှ ပါဝင်နေသည်ဟု ဆိုချင်ပါသည်။ သမဝါယမဦးစီးဌာနသည် ကုန်ထုတ်၊ ကုန်သွယ်      ဝန်ဆောင်မှုအသင်းများ တိုးတက်လာစေရန် ငွေကြေး၊ နည်းပညာပံ့ပိုးပေးခြင်း၊ ဈေးကွက်ရှာဖွေခြင်းတို့ကို  ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

မန္တလေးတိုင်းဒေသကြီး သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် တိုင်းဒေသကြီးအဆင့် သမဝါယမအသေးစားငွေကြေးဝန်ဆောင်မှု၊ ချေးငွေလုပ်ငန်းကြီးကြပ်မှုကော်မတီ အစည်းအဝေးကို နိုဝင်ဘာ ၂၃ ရက်က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သည်။ ယင်းသို့ ကျင်းပရာတွင် လယ်ယာလုပ်ငန်းခွင်သုံး စက်ပစ္စည်းများ ထပ်မံရောင်းချရေး၊ ရောင်းချငွေများ ကောက်ခံပေးသွင်းရေး၊ ကာလ လွန်ကြွေးကျန်များ၊ ချေးငွေကြွေးကျန်ကောက်ခံသိမ်းဆည်းရေး၊ (၁၄) ကြိမ်မြောက် EB ချေးငွေပြန်လည် သိမ်းဆည်းရေးကိစ္စရပ်များ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်COVID-19 ရောဂါဖြစ်ပွား မှုနောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူသို့အစီရင်ခံစာ တင်ပြသည့် မိန့်ခွန်းကို နိုဝင်ဘာ ၁၆ ရက်က တင်ပြရာတွင် နောက်တစ်ခုအသေးစားငွေးချေးကိစ္စတွေမှာ တချို့တွေက ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်ဆို တာ ကျွန်မတို့ သိခဲ့ရပါတယ်။ အဲဒါက ဘယ်လိုလဲဆိုတော့ အသေးစားချေးငွေ ချေးထားပြီးတော့ ပြန်ပေးရတာ၊ ပြန်ဆပ်ရတာပေါ့။
ပြန်ဆပ်ရတဲ့အခါကျတော့ အသေးစားငွေချေးတဲ့ အဖွဲ့အစည်းတွေက  သူတို့စည်းမျဉ်းတွေ အရ အချိန်တန်ရင် ပြန်ပြီးတော့ တောင်းရပါတယ်၊ တောင်းတဲ့အခါ COVID-19 ကာလအတွင်းမှာ ပြန်ပြီးတော့ မပေးနိုင်တဲ့ ပြည်သူတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်ရတယ်။

စိတ်ပူပန်ရတယ်။ ပေးစရာလည်း မရှိဘူး။ တချို့ပြည်သူတွေက အသေးစားငွေချေးအဖွဲ့အစည်းတွေရှိတဲ့အခါ တစ်နေရာတည်း မဟုတ်ဘူး။ နှစ်နေရာ၊ သုံးနေရာ၊ လေးနေရာလိုက်ပြီး ချေးတဲ့အခါ ကြွေးဝန်တွေပိပြီး ပြဿနာတက်ပါတယ်။ ဒါကြောင့် ကျွန်မကတော့ အဲဒီလိုမလုပ်ပါနဲ့လို့ မေတ္တာရပ်ခံချင်ပါတယ်ဟု ထည့်သွင်းပြောကြားခဲ့သည်။

အသေးစားငွေချေးခြင်းသည် အခြေခံလူတန်းစားပြည်သူများအတွက် လိုအပ်ချက်တစ်ခုဖြစ်ခြင်းကြောင့် ချေးငွေလိုအပ်သော စီးပွားရေးလုပ်ငန်းတွေကို ပံ့ပိုးပေးနိုင်ရန် ရရှိနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ရန်ကုန် တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်များရှိ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများထံမှ ချေးငွေရယူထားသော အသင်းသားများအတွက် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့အတွက် အရင်း နှင့် အတိုးများကို ၂၀၂၁ ခုနှစ် မေလမှ နိုဝင်ဘာအထိ အရစ်ကျပြန်လည်ပေးနိုင်ရန် စီစဉ်ထားကြောင်းနှင့် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများ နစ်နာမှုမရှိစေရန် အသင်းသားများထံမှ ရရန်ရှိသောအရင်းနှင့် အတိုးများ ကို  မြန်မာ့စီးပွားရေးဘဏ်မှ သက်ဆိုင်ရာ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများထံ အတိုးမဲ့ချေးငွေ တစ်နှစ်သတ်မှတ်ထုတ်ချေးမည်ဖြစ်ကြောင်း အသိပေးကြေညာထားရာ အခြေခံလူတန်းစားပြည်သူများ၏ ဘဝလမ်းကြောင်း ထောက်ပံ့မှုမှာ မျက်ကလူးဆန်ပြာဖြစ်မည့်ဘေးမှ ကင်းဝေးချမ်းသာရရှိသည်ဖြစ်ရာ ဝမ်းသာပီတိဖြစ်ရပါကြောင်း ။         ။






အခြားဆက်စပ်သတင်းများ