နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုရိုနာဗိုင်းရပ်စ်ကို ကုသရာတွင် remdesivir ဆေးကို အရေးပေါ်အသုံးပြုရန် FDA ခွင့်ပြု

မေ ၂၊ ဝါရှင်တန်

အီဘိုလာဗိုင်းရပ်စ်ကို ကုသရန် ထုတ်လုပ်ထားသည့် remdesivir ဆေးဝါးကို ကိုရိုနာဗိုင်းရပ်စ်အတွက် ကုသရာတွင် အရေးပေါ်အသုံးပြုရန် အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအာဏာပိုင် အဖွဲ့(FDA)က ခွင့်ပြုပေးခဲ့သည်။
ယခုကဲ့သို့ ခွင့်ပြုပေးခဲ့ခြင်းကြောင့် COVID-19 ရောဂါ ပြင်းထန်စွာ ခံစားရခြင်းကြောင့် ဆေးရုံရောက်လာ သူများကို remdesivir ဆေးဝါး အသုံးပြုနိုင်တော့မည်ဖြစ်သည်။

မကြာသေးမီက စမ်းသပ်ထိုးနှံမှုများအရ remdesivir ဆေးဝါးမှာ ရောဂါပြင်းပြင်းထန်ထန် ခံစားနေရသူများ၏ နလန်ထချိန်ကာလကို တိုတောင်း စေကြောင်း တွေ့ရသည်။ သို့သော် FDA က အရေးပေါ်အသုံးပြုရန် ခွင့်ပြုပေးခြင်းမှာ တရားဝင်ခွင့်ပြုချက် ချပေးခြင်းနှင့် မတူညီပေ။  တရားဝင်ခွင့်ပြုချက်ချပေးရန်အတွက် အဆင့်မြင့်သုံးသပ်မှုများ ပြုလုပ်ရမည်ဖြစ်သည်။

အီဘိုလာဗိုင်းရပ်စ်ကို ကုသနိုင်ရန် Gilead ဆေးဝါးကုမ္ပဏီက ဖန်တီးထားသည့် remdesivir ဆေးဝါးမှာ ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်မည့် ''နတ်ဆေး''ဟု မမှတ်ယူသင့်ကြောင်း ကျွမ်းကျင်ပညာရှင်များက သတိပေးထားသည်။ သို့သော် ကိုရိုနာဗိုင်းရပ်စ်ကို ကုသရာတွင် remdesivir ဆေးဝါးကို အသုံးပြုသင့်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တစ်ခဲနက်အားပေးထောက်ခံထားသည်။ FDA ၏ ခွင့်ပြုချက်ချပေးခြင်းမှာ အရေးပေါ်သည့် ပထမခြေလှမ်းဖြစ်သည်ဟု ဘဲဥပုံရုံးခန်းတွင် ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံရာတွင် Gilead ဆေးဝါးကုမ္ပဏီ၏ အမှုဆောင်ချုပ် ဒန်နီယယ်အိုဒေးက ပြောသည်။       

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ