နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကနေဒါနိုင်ငံတွင် ချေမှုန်းရေးလက်နက်များကို ပိတ်ပင်ကြောင်း ကြေညာ

မေ ၂၊ အော့တဝါ

ပြီးခဲ့သည့် ဧပြီလအတွင်း ကနေဒါနိုင်ငံတွင် အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ချေမှုန်းရေးပုံစံ လက်နက်များကို ပိတ်ပင်ကြောင်း ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒေါက ကြေညာခဲ့သည်။

စည်းမျဉ်းသစ်များအရ ချေမှုန်းရေးပုံစံ လက်နက်အမျိုးအစား ၁၅၀၀ ကို ရောင်းချခြင်း၊ တင်ပို့ခြင်း၊ တင်သွင်းခြင်းနှင့် အသုံးပြုခြင်းလုပ်ရန် တရားဝင်မည်မဟုတ်ပေ။ အဆိုပါပိတ်ပင်မှုမှာ ချက်ချင်းအကျုံးဝင်မည် ဖြစ်သော်လည်း ဥပဒေကို လိုက်နာသည့် သေနတ်ပိုင်ရှင်များကို နှစ်နှစ်ကြာ လွတ်ငြိမ်းချမ်းသာခွင့်ပေးမည် ဖြစ်သည်။

ချေမှုန်းရေးပုံစံ လက်နက်များ ပြန်လည်ဝယ်ယူရန် ဥပဒေပြဋ္ဌာန်းမည်ဟုလည်း ဂျက်စတင်ထရူဒေါက ဆိုသည်။ သို့သော် ဥပဒေပြဋ္ဌာန်းနိုင်ရန်အတွက် လွှတ်တော်တွင် မဲခွဲအတည်ပြုရခြင်းမရှိသေးပေ။ ကနေဒါ နိုင်ငံ၏ အခြေခံဥပဒေတွင် အမေရိကန်နိုင်ငံ၏ အခြေခံဥပဒေကဲ့သို့ သေနတ်ပိုင်ဆိုင်ခွင့်ရှိသည်ဟု ထည့်သွင်း ပြဋ္ဌာန်းထားခြင်းမရှိပေ။ သို့သော် အထူးသဖြင့် ဝေးလံခေါင်သီသည့်ဒေသများတွင် သေနတ်ပိုင်ဆိုင်ခွင့်မှာ လူကြိုက်များနေဆဲဖြစ်သည်။ ကနေဒါနိုင်ငံတွင် သေနတ်ပိုင်ဆိုင်သူအများစုမှာ ဥပဒေလိုက်နာသည့် နိုင်ငံသား များဖြစ်သော်လည်း ချေမှုန်းရေးလက်နက်များမှာ မည်သည့်အတွက်မျှ အကျိုးမရှိကြောင်း ဂျက်စတင်ထရူဒေါက ပြောသည်။                                   

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ