နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ကူးစက်ခံရတဲ့ ဂျပန်ဟာသသရုပ်ဆောင် ကင်ရှီမူရာ ကွယ်လွန်

ဂျပန်နိုင်ငံ၏ နာမည်ကျော် ဟာသသရုပ်ဆောင် ကင်ရှီမူရာမှာ COVID-19 ရောဂါကြောင့် ပြီးခဲ့သည့် တနင်္ဂနွေနေ့ညက ကွယ်လွန်သွားခဲ့သည်။ အသက် ၇၀ အရွယ်ရှိသည့် ကင်ရှီမူရာသည် မတ်လ ၁၇ ရက်မှ စတင်ပြီး ပင်ပန်းနွမ်းနယ်မှုအပါအဝင် ရောဂါလက္ခဏာများ စတင်ခံစားခဲ့ရပြီး မတ်လ ၂၀ ရက်က ပြင်းထန်အဆုတ်ရောင်ရောဂါဖြင့် ဆေးရုံ ရောက်ခဲ့သည်။ မတ်လ ၂၃ ရက်တွင် COVID-19 ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဂျပန်နိုင်ငံ၏ ရော်ဘင်ဝီလျံဟု တင်စားခံခဲ့ရတဲ့ ကင်ရှီမူရာသည် ၁၉၇၀ ပြည့်နှစ်တစ်ဝိုက်ကတည်းက အနုပညာလောကသို့ စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံ၏ အကျော်ကြားဆုံး ဟာသသရုပ်ဆောင် တစ်ဦးဖြစ်သည်။ ၁၉၅၀ ပြည့်နှစ်က တိုကျိုမြို့တွင် မွေးဖွားခဲ့သည့် ကင်ရှီမူရာသည် ၁၉၇၄ ခုနှစ်က Drifters ဟာသအဖွဲ့သို့ ဝင်ရောက်ခဲ့သူဖြစ်သည်။ ထိုစဉ်ကတည်းက Drifters ဟာသအဖွဲ့မှာ ဂျပန်ရုပ်သံလိုင်းတွင် မင်းမူထားသည့် ဟာသအဖွဲ့ဖြစ်သည်။ . Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ