နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အောက်စဖို့ဒ်တက္ကသိုလ်၏ ကာကွယ်ဆေးက ကိုဗစ်-၁၉ ရောဂါကို ၇၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်စွမ်း ရှိ

နိုဝင်ဘာ  ၂၄၊ လန်ဒန်


အောက်စဖို့ဒ်တက္ကသိုလ်က ဖော်စပ်ခဲ့သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးမှာ ရောဂါကူးစက်မှုကို ၇၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း စမ်းသပ်ထိုးနှံမှု ရလဒ်များတွင် ဖော်ပြထားသည်။ စေတနာ့ဝန်ထမ်း ၂၀၀၀၀ ပါဝင်သည့် စမ်းသပ်ထိုးနှံမှုတွင် အဆိုပါရလဒ် ထွက်ပေါ်လာခြင်းဖြစ်သည်။ အောက်စဖို့ဒ်တက္ကသိုလ်၏ ကာကွယ်ဆေးမှာ Pfizer နှင့် Moderna ကာကွယ်ဆေးများထက် ဈေးသက်သာသည့်အပြင် သယ်ယူပို့ဆောင်ရန် လွယ်ကူသည်။


Pfizer ကာကွယ်ဆေးက (၁၅) ပေါင်၊ Moderna ကာကွယ်ဆေးက (၂၅) ပေါင် ကုန်ကျမည်ဖြစ်ပြီး အောက်စဖို့ဒ်တက္ကသိုလ်၏ ကာကွယ်ဆေးမှာ စတာလင်ပေါင် (၃) ပေါင် ( မြန်မာငွေ ၅၂၀၀ ကျော်)သာ ကျသင့်မည်ဖြစ်သည်။


Pfizer ကာကွယ်ဆေးကို အပူချိန်(-၇၀) ဒီဂရီဆဲလ်စီးယက်တွင် သိုလှောင်ထားရန် လိုအပ်ပြီး Moderna ကာကွယ်ဆေးကို အပူချိန် (- ၂၀ ) ဒီဂရီဆဲလ်စီးယက်တွင် သိုလှောင်ထားရမည့်အတွက် သယ်ယူပို့ဆောင်ရန် အခက်အခဲရှိသော်လည်း အောက်စဖို့ဒ်တက္ကသိုလ်၏ ကာကွယ်ဆေးကို ရေခဲသေတ္တာထဲမှာ သိုလှောင်ထားနိုင်သည်။


ထို့ကြောင့် ကမ္ဘာ့ မည်သည့်နေရာကိုမဆို ပို့ဆောင်နိုင်စွမ်းရှိသည်။ အဆိုပါကာကွယ်ဆေးကို အောက်စဖို့ဒ်တက္ကသိုလ်နှင့် AstraZeneca ဆေးဝါးကုမ္ပဏီတို့ ပူးပေါင်းဖော်စပ်ခဲ့ခြင်းဖြစ်သည်။ ကာကွယ်ဆေးဖော်စပ်ရန် အောက်စဖို့ဒ်တက္ကသိုလ်က အသုံးပြုသည့် နည်းပညာမှာ အသုံးပြုနေကျ နည်းပညာဖြစ်၍ ဈေးသက်သက်သာသာဖြင့် ကာကွယ်ဆေး အများအပြား ထုတ်လုပ်နိုင်စွမ်း ရှိသည်ဟု ဆိုသည်။


လက်ရှိရလဒ်များအရ ၇၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်တယ်ဆိုသော်လည်း ပထမအကြိမ် ကာကွယ်ဆေးကို တစ်ဝက်သာ ထိုးပေးပြီး ဒုတိယအကြိမ်ကို ကာကွယ်ဆေးအပြည့် ထိုးပေးပါက ၉၀ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်စွမ်းရှိသည်ဟု တွေ့ရှိခဲ့သည်။ လူ ၃၀၀၀ ကို စမ်းသပ်ထိုးနှံရာတွင် ယင်းကဲ့သို့ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ