နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကာကွယ်ဆေးရရှိရန် ကြိုးပမ်းရာတွင် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများကို တန်းတူအလေးမထား၍မရဟု ဆို

နိုဝင်ဘာ  ၂၊ ဂျီနီဗာ


ကိုဗစ်-၁၉ ကာကွယ်ဆေးများကို အလုအယက် ရရှိရန် ကြိုးပမ်းနေချိန်တွင် ကမ္ဘာ့အဆင်းရဲဆုံးနှင့် ထိလွယ်ရှလွယ်အဖြစ်ဆုံး နိုင်ငံများကို တန်းတူအလေးမထား၍မရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO)အကြီးအကဲက သတိပေးထားသည်။ အောင်မြင်သည့် ကာကွယ်ဆေးများကို မျှတစွာ ခွဲဝေပေးရမည်ဖြစ်ပြီး မျှဝေပေးရေးအစီအစဉ်အတွက် ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလျံ လိုအပ်မည်ဟု WHO အကြီးအကဲ ဂီဘရီယီဆပ်က ပြောသည်။


ကာကွယ်ဆေး ဝေမျှပေးရန် စရိတ်စက တတ်နိုင်ခြင်း ရှိ၊ မရှိဆိုသည့် မေးခွန်းမျိုး မေးရမည်မဟုတ်ဘဲ မဝေမျှဘဲ နေနိုင်ခြင်း ရှိ၊ မရှိ မေးရမည်ဟု ဂီဘရီယီဆပ်က ဆိုသည်။ လက်ရှိအချိန်တွင် နောက်ဆုံးအဆင့် စမ်းသပ်မှုရလဒ်ကောင်းများ ထွက်ပေါ်ခဲ့သည့် ကာကွယ်ဆေး ၄ မျိုးရှိကြောင်း သတင်းများက ဖော်ပြသည်။


ယခုနောက်ဆုံး ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ အောက်စဖို့ဒ်တက္ကသိုလ်နှင့် AstraZeneca ဆေးဝါးကုမ္ပဏီတို့ ပူးပေါင်းဖော်စပ်သည့် ကာကွယ်ဆေးမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းမရှိအောင် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပြီး ကုန်ကျစရိတ် သက်သာသည့်အပြင် သယ်ယူပို့ဆောင်ရန် လွယ်ကူသည်ဟု ဆိုသည်။


'' အစိုးရတိုင်းက သူတို့ပြည်သူတွေကို ကာကွယ်ပေးနိုင်ဖို့ အစွမ်းကုန်ကြိုးစားမှာပါ''ဟု ဂီဘရီယီဆက်က ပြောသည်။ သို့သော် ချမ်းသာသည့်နိုင်ငံများက အောင်မြင်သည့် ကာကွယ်ဆေးများကို ရှိသမျှ ဝယ်ယူခြင်းကြောင့် ဆင်းရဲသည့်နိုင်ငံများ လက်ဗလာဖြစ်ရမည်ကို စိုးရိမ်မိသည်ဟု ယင်းက ဆိုသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ