နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆော်ဒီအိမ်ရှေ့မင်းသားနှင့် အစ္စရေးဝန်ကြီးချုပ် တွေ့ဆုံခဲ့သည်ဆိုသောသတင်းများကို ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး ငြင်းဆန်

နိုဝင်ဘာ  ၂၄၊ ရီယာ့ဒ်


အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဆော်ဒီအိမ်ရှေ့မင်းသား ဘင်ဆယ်မန်နှင့် တွေ့ဆုံရန် ဆော်ဒီနိုင်ငံသို့ လျှို့ဝှက်လာရောက်ခဲ့သည်ဆိုသော သတင်းများကို ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးက ငြင်းဆန်ခဲ့သည်။ တဲလ်အဗစ်မြို့မှ ပင်လယ်နီရှိ နီယွန်မြို့သို့ ပျံသန်းသည့် ကိုယ်ပိုင်လေယာဉ်ပေါ်တွင် ယင်း လိုက်ပါခဲ့သည်ဆိုသော အစ္စရေးမီဒီယာများ၏ သတင်းဖော်ပြချက်နှင့်ပတ်သက်၍ မှတ်ချက်ပေးရန် နေတန်ယာဟုက ငြင်းဆန်ခဲ့သည်။


'' အဲဒီလို တွေ့ဆုံမှုမျိုးမရှိခဲ့ပါဘူး'' ဟု ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဖြစ်သည့် မင်းသား ဖာဟန်အယ်ဆတ်က တွစ်တာပေါ်တွင် ရေးသားခဲ့သည်။ ယင်းကဲ့သို့ တွေ့ဆုံမှုမျိုးရှိခဲ့ပါက သမိုင်းစဉ်လာ ရန်ဘက်ဖြစ်ခဲ့သည့် နိုင်ငံ ၂ နိုင်ငံ၏ ခေါင်းဆောင်များကြား ပထမဆုံး တွေ့ဆုံမှုဖြစ်လာမည်ဖြစ်သည်။


ပြီးခဲ့သည့်လများအတွင်း အစ္စရေးနိုင်ငံနှင့် ယူအေအီး၊ ဘာရိန်း၊ ဆူဒန်နိုင်ငံများကြား ငြိမ်းချမ်းရေးစာချုပ်များ ချုပ်ဆိုခဲ့ပြီးနောက် ဆော်ဒီနှင့် အစ္စရေးနိုင်ငံကြား ပုံမှန်ဆက်ဆံရေးတည်ဆောက်ကြရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖိအားပေးခဲ့သည်။ သို့သော် အဆိုပါတိုက်တွန်းမှုကို ဆော်ဒီနိုင်ငံက သတိကြီးစွာ တုံ့ပြန်ခဲ့ပြီး အစ္စရေးနှင့် ပါလက်စတိုင်းကြား ငြိမ်းချမ်းရေးသဘောတူညီမှု ရယူပြီးချိန်အထိ စောင့်ကြည့်ဦးမည်ဟု အရိပ်အမြွက်ဆိုခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ