နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၁၄ နှစ်အတွင်း အာဖဂန်နစ္စတန်တွင် နေ့စဉ်နေ့တိုင်း သေဆုံး (သို့) ဒဏ်ရာရ ကလေးငယ် ၅ ဦး ရှိ

နိုဝင်ဘာ  ၂၄၊ လန်ဒန်


စစ်ကြောင့် အထိနာနေသည့် အာဖဂန်နစ္စတန်နိုင်ငံတွင် လွန်ခဲ့သည့် ၁၄ နှစ်လုံးလုံး ပျမ်းမျှအားဖြင့် နေ့စဉ်နေ့တိုင်း သေဆုံး (သို့မဟုတ်) ဒဏ်ရာရသည့် ကလေးငယ် ၅ ဦးရှိကြောင်း Save the Children အဖွဲ့က ပြောသည်။ ၂၀၀၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း သေဆုံး (သို့မဟုတ်) ကိုယ်အင်္ဂါ ထိခိုက်ဆုံးရှုံးခဲ့သည့် ကလေးငယ် အနည်းဆုံး ၂၆၀၂၅ ဦးရှိသည်ဟု ကုလသမဂ္ဂ၏ အချက်အလက်များတွင် ဖော်ပြထားကြောင်း Save the Children အဖွဲ့က ပြောသည်။ အာဖဂန်နစ္စတန်နိုင်ငံမှ ကလေးငယ်များ၏ အနာဂတ်ကို ကာကွယ်ပေးရန် ဂျီနီဗာမြို့တွင် ကျင်းပမည့် အရေးကြီး အစည်းအဝေးမတိုင်မီ Save the Children အဖွဲ့က အလှူရှင်နိုင်ငံများကို မေတ္တာရပ်ခံခဲ့သည်။


ငြိမ်းချမ်းရေးဆွေးနွေးမှုများနှင့် အမေရိကန်စစ်သည်များ ဆုတ်ခွာရေးရပ်တန့်လျက်ရှိရာ အာဖဂန် နစ္စတန်နိုင်ငံတွင် ဆူပူသောင်းကျန်းမှုများ မြင့်တက်နေသည်။ အာဖဂန်နစ္စတန်နိုင်ငံမှာ ကမ္ဘာပေါ်တွင် ကလေးငယ်များအတွက် အန္တရာယ်အများဆုံး နိုင်ငံ ၁၁ နိုင်ငံစာရင်းတွင် ပါဝင်နေကြောင်း Save the Children အဖွဲ့က ပြောသည်။


Save the Children အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြသည့် ကမ္ဘာတစ်လွှား ပဋိပက္ခများအနက် အာဖဂန်နစ္စတန်နိုင်ငံမှာ ၂၀၁၉ ခုနှစ်တွင် က‌လေးငယ် သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှု အများဆုံးဖြစ်ပြီး သေဆုံးသူ ၈၇၄ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၂၂၇၅ ဦး ရှိခဲ့သည်။ သေဆုံး သို့မဟုတ် ထိခိုက်ဒဏ်ရာရသူများအနက် ၃ ပုံ၊ ၂ ပုံကျော်မှာ ယောကျ်ားလေးများဖြစ်သည်။ ၂၀၁၇ ခုနှစ်မှာ ၂၀၁၉ ခုနှစ်ကြားကာလအတွင်း အာဖဂန်နစ္စတန်နိုင်ငံရှိ စာသင်ကျောင်းများတွင် တိုက်ခိုက်မှု ၃၀၀ ကျော် ဖြစ်ပွားခဲ့သည်ဟု Save the Children အဖွဲ့က ပြောသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ