နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စိတ်ပျက်စရာရလဒ်များနဲ့သာ အဆုံးသတ်နေရတဲ့ လာလီဂါက ဘာစီလိုနာ

နိုဝင်ဘာ ၂၃


လာလီဂါရဲ့ အင်အားကြီးဘာစီလိုနာအသင်း ဒီရာသီမှာတော့ စိတ်ပျက်စရာရလဒ်မျိုးတွေသာ ရရှိနေပြီး တတိယမြောက်ရှုံးပွဲလည်းကြုံတွေ့ခဲ့ရပါတယ်။ တနင်္ဂနွေနေ့အစောပိုင်းမှာတော့ လာလီဂါရဲ့ထိပ်သီး ၂ သင်းဖြစ်တဲ့ ဘာစီလိုနာနဲ့ အက်−တီကိုအသင်းတို့ မက်ဒရစ်မှာ ယှဉ်ပြိုင်ကစားရာ အက်တီကိုက ၁−၀ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဘာစီမှာ အန်ဆုဖာတီကလွဲပြီး ကျန်ကစားသမားစုံလင်သလို အက်တီကို ကလည်း ဆွာရက်ဇ်ကလွဲပြီး ကျန်ကစားသမားအစုံအလင်ပါဝင်ခဲ့ပါတယ်။ နှစ်သင်းစလုံးအပြန်အလှန် ကစားနိုင်ခဲ့ကြပြီး ပထမပိုင်းအစမှာတော့ အပိုင်ကန်သွင်းခွင့်ကို မဖန်တီးနိုင်ခဲ့ကြပါဘူး။ တီကိုရဲ့ ဆာအူးနီဂွတ်ဇ်ရဲ့အဝေးကန်ချက်ကို ဘာစီဂိုးသမားတာစတီးဂန်းကာကွယ်နိုင်ခဲ့သလို အက်တီကိုရဲ့ လောရန် တေးအပိုင်ကန်ချက်ကိုကလည်း ဂိုးတိုင်ထိခဲ့ရပါတယ်။ ပထမပိုင်းဘာစီရဲ့ကစားပုံက မကောင်းခဲ့ဘဲ မက်ဆီရဲ့ အဆုံးသတ်မကောင်းလို့ ဂိုးရဖို့ဝေးခဲ့ရပါတယ်။ ပထမပိုင်းရဲ့နာကျင်အချိန်ပိုမှာ တီကိုက ကော်ရီရာရဲ့ပေးပို့မှု ကနေ ကာရက်စ်ကိုမီက ဘာစီဂိုးသမား တာစတီးဂန်းကို ကျော်ဖြတ်ခဲ့ပြီးအမှားအယွင်းမရှိ လွတ်နေတဲ့ ဂိုးပေါက်ထဲကို ကန်သွင်းရင်းဦးဆောင်ဂိုးရယူနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဘာစီတို့အနည်းငယ် ပိုကောင်း လာပြီး ချေပဂိုးရဖို့တိုက်စစ်ဆင်ကစားခဲ့ရာ အက်−တီကိုကပဲ ၁−၀ ရလဒ်နဲ့ အမှတ်ပြည့်ရရှိသွားပါတယ်။ ဒီရာသီလာလီဂါမှာ ဆီမြွန်နီရဲ့အက်တီကိုဟာ ရှုံးပွဲမရှိပေးဂိုးမဲ့နိုင်ပွဲတွေ ထပ်မံပိုင်ဆိုင်ခဲ့ပါတယ်။           

(SO)






အခြားဆက်စပ်သတင်းများ