နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှား UFC ဖိုက်တာ ခါဘစ်က သူ့ရဲ့ရည်ရွယ်ချက်မှာ အထွတ်အထိပ်ကိုရောက်ဖို့ပါပဲတဲ့

နိုဝင်ဘာ ၂၃


UFC ဘော့စ်ဒါနဝိုက်နဲ့ TMZ တို့အင်တာဗျူးရာမှာ ဒါနဝိုက်က “ကော်မက်ဂရီဂေါ်နဲ့ မပြီးဆုံးသေးတဲ့ မကြေပွဲ ကို မထိုးသတ်တော့ဘဲ ခါဘစ်တစ်ယောက်အနားယူသွားပြီး အဌဂံလှောင်ချိုင့်ထဲကို ပြန်မလာတော့ဘူးဆိုတာ ကျွန်တော် လောင်းတောင်လောင်းချင်ပါတယ်၊ တကယ်လို့ ကျွန်တော်လောင်းကြေးတစ်ခု ထပ်ရမယ်ဆိုရင် သူပြန်လာမယ့်ဘက်က လောင်းမှာပါ။ သေချာပါတယ်။ သူပြန်လာမယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ BT Sport နဲ့ တွေ့ဆုံခန်းမှာ ခါဘစ်က “ကျွန်တော်ပြန်လာဖိုက်မယ်ဆိုတဲ့ ကောလာ ဟလ အမြဲတမ်းထွက်နေပါတယ်။ ဒါနဝိုက်လို ပွဲစီစဉ်သူတွေကတော့ ကျွန်တော့်ကိုအမြဲတမ်းလိုလို ပြန်ချ ခိုင်းနေဦးမှာပါ။ ဒါတွေအကုန်လုံးဟာ ငွေအကြီးကြီးရဖို့လေ၊ လူတွေကြည့်ဖို့၊ ရုပ်သံဝင်ငွေတွေရဖို့တွေဖြစ်တော့ သူတို့ကျွန်တော်ကို ဆက်လိုက်နေဦးမှာပါ။ ကျွန်တော့်အနေနဲ့ ပွဲတစ်ပွဲဖိုက်လို့ပြီးပေမယ့် ပရိသတ်က  နောက်တစ်ပွဲကို  ချက်ချင်းပြန်ကြည့်ချင်ကြမှာပါ။  ပွဲစီစဉ်သူတွေကလဲ နောက်ပွဲဆက်ဖို့  အမြဲတောင်းဆိုနေမှာ ပဲ၊ ကျွန်တော့်မှာက ဆက်ချမယ့်အစီအစဉ်မရှိပါဘူး။ သူတို့က သူရဲကောင်းတွေကို မြေတောင်မြှောက်ပေးတဲ့  နေရာမှာ အရမ်းတော်ကြပါတယ်။ ကြယ်ပွင့်တွေဖြစ်သွားအောင် တည်ဆောက်ပေးကြတဲ့နေရာမှာ တော်ကြပါတယ်။ ဒါတွေဟာ ဘယ်တော့မှ အဆုံးမသတ်ပါဘူး၊ ကျွန်တော့်အသက် ၄၀၊ ၄၅  လောက်အထိ ချနိုင်ပါသေးတယ်။ အဲဒီအတွက် ရည်ရွယ်ချက်တစ်ခုခုရှိရမယ်။ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ပန်းတိုင်က အထွတ်အထိပ်ရောက်ဖို့ပါပဲ။ ကျွန်တော်လုပ်ခဲ့ပြီးပါပြီ။ ကျွန်တော်ဖိုက်ဖို့ ဘယ်သူရှိဦးမှာလဲ၊ ကျွန်တော့်စစ်ဆင်ရေးက အောင်မြင်ပြီးပါပြီ။ ကျွန်တော့်အကောင်းဆုံးအချိန်မှာ  ကျွန်တော်ရှိနေပါတယ်။ ငွေတွေအများကြီထပ်ရနိုင်ပါတယ်။ ဒါပေမယ့် ပန်းတိုင်ကခြားသွားပါပြီ။ ငွေကတခြားနည်းနဲ့ ကျွန်တော် ပြန်ရနေပါပြီ”လို့ ပြောရင်း သူ့ရဲ့သတင်းတွေကို ပြန်လည်ချေပပြောဆိုခဲ့ပါတယ်။                                 (SO)






အခြားဆက်စပ်သတင်းများ