နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စီရော်နယ်ဒိုက အသင်းအတွက် စံပြကစားသမားတစ်ဦးဖြစ်သည်ဟု နည်းပြ ပီယာလို ပြော

နိုဝင်ဘာ ၂၃


ဂျူဗင်တပ်အသင်း နည်းပြပီယာလိုက တိုက်စစ်မှူးစီရော်နယ်ဒိုသည် အသင်းအတွက် စံပြကစားသမား တစ်ဦးဖြစ်ကြောင်း ဂျူဗင်တပ်နှင့် ကယ်ဂလီယာရီအသင်းတို့ ကစားခဲ့သည့် ပွဲစဉ်အပြီးတွင် ပြောကြားခဲ့သည်။

အဆိုပါပွဲစဉ်တွင် ဂျူဗင်တပ်အသင်းက ကယ်ဂလီယာရီအသင်းကို ၂ ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းဂိုးများကို စီရော်နယ်ဒိုက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

စီရော်နယ်ဒိုသည် COVID-19 ရောဂါ ကူးစက်ခံခဲ့ရပြီးနောက်တွင် အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပြီး ယင်းပါဝင်ကစားခဲ့သည့် ပွဲစဉ်တိုင်းတွင် အသင်းအတွက်ဂိုးသွင်းယူနိုင်ခဲ့သည်။

“စီရော်နယ်ဒိုဟာ ပရော်ဖက်ရှင်နယ်ဆန်တဲ့ ကစားသမားတစ်ယောက်ပါ။ သူဟာ အသင်းမှာပါဝင် ကစားခဲ့တဲ့ အချိန်တွေနဲ့လေ့ကျင့်ရေးကွင်းတွေမှာလည်း ကစားသမားတိုင်းရဲ့စံပြုထိုက်တဲ့ ကစားသမား တစ်ဦးပါ”ဟု နည်းပြပီယာလိုက ပြောကြားခဲ့သည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ