နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဆင်နယ်ရဲ့ ရန်ပွဲဇရှိတဲ့ စီဘယ်လော့စ်နဲ့ ဆတ်ဆတ်ထိမခံတဲ့ ဒေးဗစ်လူးဝစ်ဇ်တို့ ခိုက်ရန်ဖြစ်

နိုဝင်ဘာ ၂၃


အာဆင်နယ်အသင်းရဲ့ လေ့ကျင့်ရေးကွင်းအတွင်း နိုင်ငံ့လက်ရွေးစင်အသင်းမှာမပါဝင်ခဲ့တဲ့ ဒေးဗစ်လူးဝစ်ဇ်နဲ့ ဒါနီစီဘယ်လော့စ်တို့ ခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်။ ဒါနီစီဘယ်လော့စ်ဟာ ဖူဟမ်အသင်းနဲ့ ပွဲကစားဖို့ သွေးပူလေ့ကျင့်ခန်းလုပ်စဉ်ကလည်း အသင်းဖော်အန်ကီတာနဲ့ အငြင်းပွားတွန်းထိုးမှုတွေဖြစ်ခဲ့ဖူးပါတယ်။ အခုလည်း ဘရာဇီးလ်နောက်ခံလူ ဒေးဗစ်လုစ်နဲ့ လေ့ကျင့်ခန်းဆင်းရင်း ခိုက်ရန်ဖြစ်ခဲ့တာပါ။ ဒေးဗစ်လူးဝစ်က ကွင်းလယ်လူဒါနီစီဘယ်လော့စ်ကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့ကာ သွေးထွက်သံယိုမှု တွေဖြစ်ခဲ့ပါတယ်။ သူတို့နှစ်ဦးရန်ပွဲကို အာဆင်နယ်အသင်းဖော်တွေနဲ့ ကလပ်ဝန်ထမ်းတွေက ကြားဝင် ဖျန်ဖြေပေးခဲ့ရတယ်လို့ သိရကြောင်းနဲ့ ရန်ဖြစ်တဲ့ကစားသမားနှစ်ဦးကို ချက်ချင်းလေ့ကျင့်ရေးမှာ မပါခိုင်း တော့ဘဲ အိမ်ကိုပြန်လည်စေလွှတ်ခဲ့ကာ ကျန်ကစားသမားတွေကိုသာ ဆက်လက်လေ့ကျင့်စေခဲ့ကြောင်း The Athletic သတင်းစာက ဖော်ပြသွားပါတယ်။ အသင်းသားအားလုံး ၃ ရက်ကြာနားပြီး လေ့ကျင့်ရေး ပြန်ဆင်းနေချိန်မှာတော့ ဒေးဗစ်လူးဝစ်နဲ့ စီဘယ်လော့စ်တို့က သူတို့အမှားတွေကို နည်းပြနဲ့အသင်းဖော်တွေကိုတောင်းပန်မှုတွေပြုလုပ်ခဲ့ပြီး ပြန်လည်အဆင်ပြေသွားခဲ့ပြီလို့ သိရပါတယ်။ စီဘယ်လော့စ်က ရီးရဲလ်ကနေ အငှားနဲ့လာရောက် ကစားနေသူပါ။ ဒေးဗစ်လူးဝစ်ကတော့ ချဲလ်ဆီးအသင်းကနေ ၂၀၁၉ နွေရာသီက ရောက်ရှိလာတာဖြစ်ပြီး ခံစစ်ပိုင်းမှာအရေးပါသူတစ်ဦးဖြစ်ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ