နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖလားအတွက် တိုက်ပွဲဝင်နေတာမဟုတ်ဘူး၊ ပွဲတိုင်းနိုင်ဖို့တိုက်ပွဲဝင်နေတာလို့ပြောတဲ့ မော်ရင်ဟို

နိုဝင်ဘာ ၂၃


စနေနေ့ည ပရီးမီးယားလိဂ်ပွဲစဉ် ၉ မှာ စပါးအသင်းနဲ့ မန်စီးတီးတို့ယှဉ်ပြိုင်ကြရာမှာ စပါးအသင်းက ၂−၀ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာ စပါးအသင်းက မန်စီးတီးအသင်းကို ဗျူဟာကျကျအနိုင်ယူခဲ့တာပဲဖြစ်ပါတယ်။ မော်ရင်ဟိုရဲ့ ဒီဗျူဟာကို အပေါ်ယံကြည့်မယ်ဆိုရင် ခံစစ်ပိတ်ဆို့ကစားတာလို့ဆိုပေမယ့် ဂွါဒီယိုလာဟာ ဗျူဟာကျကျခံစစ်ထောင်ချောက်ထဲပိတ်မိသွားတာကို မြင်တွေ့ကြရမှာပါ။ ဘောလုံးကို ထိန်းကိုင်ထားရုံနဲ့လိုအပ်တဲ့ ဂိုးတွေမရခဲ့သလို ခံစစ်ကစားရင်းကနေ တန်ပြန်တိုက်စစ်နဲ့ဂိုးတွေရအောင် စွမ်းဆောင်နိုင်ပါတယ်။ ဒီဗျူဟာနဲ့ မော်ရင်ဟို ပက်ဂွါဒီယိုလာကို ၂၀၂၀ မှာတွေ့ဆုံတဲ့ ၂ ကြိမ်စလုံးအနိုင်ယူနိုင်ခဲ့ တာပါ။ ပွဲအပြီးမှာ မော်ရင်ဟိုက “ကျွန်တော်တို့ဖလားအတွက် တိုက်ပွဲဝင်နေတာမဟုတ်ဘူး၊ ပွဲတိုင်းနိုင်ဖို့ တိုက်ပွဲဝင်နေတာ၊ ကြာသပတေးနေ့ ယူရိုပါလိဂ်ပွဲကိုလည်း နိုင်ဖို့တိုက်ပွဲဝင်သွားဦးမှာပါ။ ရှုံးတဲ့ပွဲတွေ၊ သရေပွဲတွေလဲရှိလာမှာပါ။ ဒါပေမယ့် အသင်းရဲ့ကဏ္ဍပေါင်းစုံမှာ ကျွန်တော်အရမ်းအရမ်းပျော်ရတဲ့ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာတာတွေအများကြီးပါ။ သေချာတာကတော့ ဒီည ညစာစားလို့ကောင်းပြီး အေးဆေးနားမယ်၊ နတ်သားတစ်ပါးလိုကောင်းကောင်းအိပ်မယ်၊ မနက်ဖန်လက်စတာနိုင်ပြီး ကျွန်တော်တို့ ဒုတိယဖြစ်သွားလည်း ဘာမှမဖြစ်ပါဘူး။ အေးဆေးပါပဲ”လို့ ပီတိတွေနဲ့ အပျော်တွေအပြည့်နဲ့ ပြောဆိုခဲ့ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ