နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မှ အုန်းသီးနှင့် ဒေသစုံက ငှက်ပျောများ မကွေးတိုင်းဒေသကြီး ရေနံချောင်းသို့ ပုံမှန်ဝင်ရောက်လျက်ရှိနေ

ရေနံချောင်း  နိုဝင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့တွင် ရန်ကုန်မှ အုန်းသီးနှင့်ဒေသစုံမှ ငှက်ပျောများပုံမှန်ဝင်ရောက် လျက်ရှိရာ ဆွဲအုန်းနှင့်ငှက်ပျောအရောင်းအဝယ်လက်လီကိုသာ အဓိထားရောင်းနေရကြောင်း သိရသည်။

ဈေးကွက်မှာ ဒေသတွင်းလိုအပ်သည့် အုန်းသီးများကို ရန်ကုန်မှအုန်းသီးများအားဝယ်ယူ၍ မော်တော် ကားများဖြင့် တင်ပို့ကြရသည့်အပြင် ငှက်ပျောသီးကိုလည်း ဧရာဝတီမြစ်အနောက်ဘက်ဒေသများနှင့် ကျောက်ပန်းတောင်းမြို့နယ်မှ မှာယူရောင်းချကြကြောင်း သိရသည်။

ဝါကျွတ်ကာလတွင် အလှူမင်္ဂလာဆောင်များကျင်းပခြင်းမရှိသောကြောင့် ဝယ်လိုအားနည်းပြီး ယခင် နှစ်မှာ အလှူမင်္ဂလာဆောင်တစ်ခုလျှင် ငှက်ပျောဖီးနှစ်ဆယ်ကနေ အချို့အလှူပွဲများမှာ ငှက်ပျောငါးဆယ် အထိဝယ်ကြောင်း အုန်းသီးမှာလည်း ဝယ်ယူကြောင်း လက်ရှိနေအိမ်များတွင် ဘာသာဆိုင်ရာပွဲတင်လှူဒါန်းကြသူများ၊ လက်လီကိုသာအဓိကထား ရောင်းနေရကြောင်း ရောင်းဝယ်သူများထံက သိရသည်။

"လက်ရှိဈေးကွက်၌ အုန်းသီးဆွဲအုန်းတစ်လုံးလျှင် ကျပ် ၁၅၀ဝ၊ ကျပ် ၁၈၀ဝ၊ ကျပ် ၂၂၀ဝ ဝယ်ရပြီး အသီးအနေအထားပေါ်မူတည်၍ ဈေးအနိမ့်အမြင့်ရှိတယ်။ ငှက်ပျောသီးမှာ တစ်ဖီးကျပ် ၁၀ဝ၀ ရှိတယ်။ ကျွန်မတို့သာသနာပွဲတင်တယ်၊ ရိုးရာပွဲကိုမိမိအိမ်မှာတင်တယ်။ ဒါကြောင့်ဆွဲအုန်းသုံးရတယ်ဝယ်ရတယ်"ဟု ရေနံချောင်းမြို့ရွာသစ်ရပ်ကွက်နေဒါ်မာမြင့်က ပြောသည်။

ဆန်းညွန့်(ရေနံချောင်း)






အခြားဆက်စပ်သတင်းများ