နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးမှ သမားတော်ကြီးများ ဦးဆောင်၍ (ယာယီ)ကျန်းမာရေးစစ်ဆေးမှုဌာနကို နေ့စဉ် ဖွင့်လှစ်

ရန်ကုန်   မေ  ၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးမှ သမားတော်ကြီးများဦးဆောင်၍ (ယာယီ)ကျန်းမာရေးစစ်ဆေးမှုဌာနကို နေ့စဉ် ဖွင့်လှစ်လျက်ရှိပြီး COVID-19 ရောဂါကာကွယ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

အင်းစိန်မြို့နယ်၊အထွေထွေရောဂါကုဆေးရုံကြီးမှ သမားတော်ကြီးများနှင့် လွှတ်တော်ကိုယ် စားလှယ်များ ဦးဆောင်သောအဖွဲ့သည် COVID-19 ရောဂါကာကွယ်ရေးအတွက် (ယာယီ)ကျန်းမာရေးစစ်ဆေးမှုဌာနကို ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ပထမဦးဆုံး ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး  မေလ ၂ ရက်မှစတင်၍ အများ ပြည်သူတွေအတွက် အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးနေသည့်နေရာလည်း ဖြစ်သည်။ အဆိုပါ ဆေးခန်းကို အင်းစိန်မင်းကြီးလမ်းမပေါ်ရှိ ဘိုကုန်းဈေးအနီး၊ အင်းစိန်မြို့နယ်ခန်းမတွင်နေ့စဉ် နံနက် ၉  နာရီမှ နံနက် ၁၁ နာရီအထိ ဖွင့်လှစ်ထားရှိ ပြီး အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ကိုစည်သူနှင့် တွဲဖက်တာဝန်ခံ ကိုနီထွန်းတို့က တွဲဖက်တာဝန်ယူဆောင်ရွက်လျက်ရှိကာ ဆေးခန်းသို့ လာရောက်ကုသခံသူများထဲတွင် သံသယရှိသည့်ဟု ယူဆရသူများကို စူပါဆန်းဒေး လူမှုကူညီရေးအသင်းမှ ဥက္ကဋ္ဌ ကိုသူရိန်ထွန်းနှင့်အဖွဲ့ဝင်များက အင်းစိန်ဆေးရုံသို့ တာဝန်ယူပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။    

ဇွဲထက်ကို(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ