နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
‌ဝင်ငွေတိုးပွားရေး တိုးချဲ့စိုက်ပျိုး

ရန်ကုန်   နိုဝင်ဘာ  ၂၃

မြန်မာနိုင်ငံသည် ဆန်စပါးအဓိကစိုက်ပျိုးသည့် နိုင်ငံဖြစ်၏။ မိုးစပါးတစ်သီးစားမှ နွေစပါးကို ကျယ်ပြန့်စွာ စိုက်ပျိုးလာ၏။ ထို့အပြင် ဆီထွက်သီးနှံ၊ မြေပဲ၊ နေကြာ၊ နှမ်း၊ ပဲအမျိုးမျိုးစိုက်ပျိုးလာကြသည်။ အထူးသဖြင့်    ရေကောင်း၊ မြေကောင်းသည့် နေရာများတွင် စိုက်ပျိုးရေးနည်းပညာဖြန့်ဖြူးပေးခြင်းနှင့် မျိုးကောင်း၊ မျိုးသန့် များ ရွေးချယ်စိုက်ပျိုးခြင်း တို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။

တောင်သူလယ်သမားတို့၏ဘဝသည် ပို၍ ကောင်းမွန်သော အလှည့်အပြောင်းကို ကူးပြောင်းရောက်ရှိလာသည်။ မြန်မာ့လယ်ယာကဏ္ဍသည် စက်မှု လယ်ယာကို ဦးတည်လျှောက်လှမ်းနေပြီဖြစ်သည်။ ကျေးလက်ဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးငွေ ချေးယူနိုင်သည့် အခွင့်အလမ်းများ ပေါ်ထွန်းလာနေပြီဖြစ်သည်။ တောင်သူများ လက်တွေ့အကောင်အထည်ဖော် ပြီး အကျိုးကျေးဇူးရရှိရေးအတွက် မျိုးကောင်းမျိုးသန့်မျိုးစေ့များ၊ သိပ္ပံနည်းကျစိုက်ပျိုးရေးနည်းစနစ်များကို  တောင်သူပညာပေးစိုက်ကွင်းများတွင် စိုက်ပျိုးလျက်ရှိသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သည် မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေ တတိယအကြိမ် ထုတ်ချေးပေးလျက်ရှိရာ ချေးငွေများကို အတိုးနှုန်း သက်သာစွာဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ရောင်းကုန်ဝယ်လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်လာနိုင်သည်။

တောင်သူလယ်သမားများ၏ တစ်ပိုင်တနိုင်အလေ့အထအဆင့်မှ ဈေးကွက်ဝင်သီးနှံ အမယ်များကို ရွေးချယ် ၍ စီးပွားဖြစ်စိုက်ကွင်းများ ထူထောင်အကောင်အထည်ဖော်သည့် အလေ့အထများကို ကျေးရွာတစ်ရွာထုတ်ကုန် တစ်မျိုးစနစ်ဖြင့် စီးပွားဖြစ်သီးနှံအမယ်များ စိုက်ပျိုးပြီး ဈေးကွက်အရောက်တင်ပို့ရောင်းချသည့် အဆင့် အထိ ပြောင်းလဲဖော်ဆောင် ရပေမည်။ လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါကြောင့် တောင်သူများ၏ စိုက်ပျိုးရေးထုတ်ကုန်များမှာ ဈေးကွက်ထိခိုက်မှုနှင့် ရောင်းလိုအား၊ ဝယ်လိုအားမမျှတမှုများ  နှင့် ကြုံတွေ့နေရသည်။ လယ်ယာကဏ္ဍတွင် ပြည်တွင်းစားသုံးမှုသာမက ပြည်ပသို့တင်ပို့နိုင်ရန် ဈေးကွက်အဝင် အထွက်ကောင်း မျိုးစေ့အဆင့်ဆင့်ထုတ်လုပ်ရန် မျှော်မှန်းထားသကဲ့သို့  COVID-19 ကပ်ရောဂါအလွန်ကာလတွင် ကမ္ဘာ့စားနပ်ရိက္ခာလိုအပ်ချက်ဖြည့်ဆည်းပေးနိုင်မည့် အခွင့်အလမ်းများကို ပိုင်ဆိုင်ထားကြောင်း သက်ဆိုင် ရာဌာနများက အသိပေးထားသည်။

မြန်မာနိုင်ငံသည် စားနပ်ရိက္ခာဖူလုံသော နိုင်ငံဖြစ်သည့်အတွက် COVID-19 ကာလလွန်တွင် ပြည်တွင်း စားသုံးမှုပိုလျှံသော သီးနှံအမယ်များကို ပြည်ပဈေးကွက် လိုအပ်ချက်အရည်အသွေး နှင့် ထုတ်လုပ်မှုအရေအတွက် အချိန်ကိုက်ထုတ်လုပ်သော စိုက်ကွင်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ပေရာ မိသားစု ဝင်ငွေတိုးပွားရေးအတွက် ရာသီသီးနှံများကို တစ်နှစ်ပတ်လုံး ကြိုးပမ်းစိုက်ပျိုးကြစေချင်ကြောင်း။          ။






အခြားဆက်စပ်သတင်းများ