နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၇၂ နာရီအတွင်း လက်နက်ချအညံ့ခံရန် တိုင်ဂရေးတပ်ဖွဲ့များကို အီသီယိုးပီးယားဝန်ကြီးချုပ် အချိန်သတ်မှတ်ပေး

နိုဝင်ဘာ  ၂၃ ၊ အဒစ်အဘာဘာ


အစိုးရတပ်ဖွဲ့များက တိုင်ဂရေးဒေသမြို့တော် မီကယ်လီမြို့ကို ချီတက်လျက်ရှိရာ တိုင်ဂရေး ဒေသတပ်ဖွဲ့များအနေဖြင့် ၇၂ နာရီအတွင်း လက်နက်ချ အညံ့ခံရန် အီသီယိုးပီးယားဝန်ကြီးချုပ်က အချိန် သတ်မှတ်ပေးခဲ့သည်။ တိုင်ဂရေးဒေသခေါင်းဆောင်များမှာ ပြန်လမ်းမဲ့မရှိသည့်နေရာသို့ ရောက်ရှိနေပြီဟု အီသီယိုးပီးယားဝန်ကြီးချုပ် အဘေးအာမတ်က ပြောသည်။ သို့သော် တိုင်ဂရေးတောင်တန်းဒေသကို ထိန်းချုပ်ထားသည့် တိုင်ဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦး (TPLF) က ဆက်လက်တိုက်ခိုက်သွားမည်ဟု ကြုံးဝါးထားသည်။


ပြီးခဲ့သည့်ရက်သတ္တပတ်များအတွင်း တိုင်ဂရေးဒေသ ပဋိပက္ခကြောင့် လူရာပေါင်းများစွာ သေဆုံးခဲ့ပြီး နေအိမ်စွန့်ခွာထွက်ပြေးခဲ့ရသည်။ အဆိုပါဖြစ်ရပ်ကြောင့် လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်း ကြုံရနိုင်သည်ဟု ကုလသမဂ္ဂက သတိပေးထားသည်။ လူဦးရေ  ၅၀၀၀၀၀ နေထိုင်သည့် မီကယ်လီမြို့ကို စစ်တပ် က ဝိုင်းထားပြီး အမြောက်ဆန်များဖြင့် ပစ်ခတ်တိုက်ခိုက်သွားမည်ဟု အစောပိုင်းတွင် အီသီယိုးပီးယားစစ်တပ်က သတိပေးခဲ့သည်။ '' သနားညှာတာနေမှာမဟုတ်ပါဘူး''ဟု အီသီယိုးပီးယားစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ