နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သြစတြေးလျနိုင်ငံ၏ နာမည်ကျော်ကမ်းခြေတွင် ငါးမန်းကိုက်ခံရ၍ အမျိုးသားတစ်ဦး သေဆုံး

နိုဝင်ဘာ  ၂၃၊ ဆစ်ဒနီ


အနောက်ပိုင်းသြစတြေးလျပြည်နယ် ဘရွန်းမြို့အနီးရှိ နာမည်ကျော်ကမ်းခြေတွင် ငါးမန်းကိုက်ခံ ရခြင်းကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။ အဆိုပါဖြစ်ရပ်မှာ ယခုနှစ်အတွင်း သြစတြေးလျနိုင်ငံတွင် ငါးမန်းတိုက်ခိုက်မှုကြောင့် ၈ ဦးမြောက် လူသေဆုံးမှုဖြစ်သည်။


ပြီးခဲ့သည့်တနင်္ဂနွေနေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန်က ကေဘယ်ကမ်းခြေတွင် အမျိုးသားတစ်ဦး ငါးမန်းကိုက်ခံခဲ့ရသည်။ ယင်းကို ရေထဲမှ ပြန်ဆယ်နိုင်ခဲ့ပြီး အရေးပေါ်လူနာတင်ကားမရောက်မီ ဒေသခံရဲတပ်ဖွဲ့က ကုသပေးခဲ့သည်။ သို့သော် အဆိုပါအမျိုးသားမှာ ငါးမန်းကိုက်ခံရသည့်ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့သည်။


စက်မှုလုပ်ငန်း မူလထုတ်ကုန်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ငါးလုပ်ငန်းအရာရှိများက ကင်းလှည့်မှု များ ဆောင်ရွက်ခဲ့ခြင်းကြောင့် သြစတြေးလျနိုင်ငံ အနောက်မြောက်ကမ်းရိုးတန်းတွင်တည်ရှိသည့် ကေဘယ် ကမ်းခြေကို ပိတ်ထားသည်။ ကေဘယ်ကမ်းခြေအနီးတစ်ဝိုက်တွင် နေထိုင်သူများအနေဖြင့် သတိထားနေထိုင်ပြီး ငါးမန်းတွေ့ပါက ရဲတပ်ဖွဲ့ထံ အကြောင်းကြားရန် အကြံပြုထားသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ