နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွေးကောက်ပွဲရှုံးနိမ့်မှုကို လက်ခံရန် ဒေါ်နယ်ထရမ့်ကို မဟာမိတ်တစ်ဦး တိုက်တွန်း

နိုဝင်ဘာ  ၂၃၊ ဝါရှင်တန်


အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒင်ကို ရှုံးနိမ့်မှုအား ပြောင်းလဲနိုင်ရန် ကြိုးပမ်းမှုများကို လက်လျှော့ရန် ဒေါ်နယ်ထရမ့်၏ မဟာမိတ်တစ်ဦးက ပြောခဲ့သည်။ သမ္မတဒေါ်နယ်ထရမ့်၏ ဥပဒေအဖွဲ့ လုပ်ရပ်မှာ နိုင်ငံအတွက် အရှက်ရစရာကိစ္စဖြစ်ကြောင်း နယူးဂျာစီပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ခရစ္စတီးက ပြောသည်။


ဒေါ်နယ်ထရမ့်က သမ္မတရွေးကောက်ပွဲတွင် မဲမသမာမှုများရှိသည်ဟု အထောက်အထားမဲ့ စွပ်စွဲနေပြီး ရွေးကောက်ပွဲအရှုံးကို လက်ခံရန် ငြင်းဆန်ခဲ့သည်။ ရီပတ်ဗလစ်ကန်ပါတီဝင်အများအပြားက ယင်း၏ ဥပဒေကြောင်းအရ ရင်ဆိုင်မှုများကို အားပေးထောက်ခံနေသော်လည်း ကန့်ကွက်သူ တစ်စထက်တစ်စ ပိုများလာခဲ့သည်။ ရွေးကောက်ပွဲတွင် အကြိတ်အနယ်ဖြစ်ခဲ့သည့် ပင်ဆယ်ဗေးနီးယားပြည်နယ်မှ စာတိုက်မဲ သန်းပေါင်းများစွာကို အကျုံးမဝင်ဟု သတ်မှတ်ပေးရန် ဒေါ်နယ်ထရမ့်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့က တရားစွဲခဲ့သော်လည်း တရားသူကြီးက ပယ်ချခဲ့သည်။


ထို့ကြောင့် နိုဝင်ဘာလ ၂၃ ရက်နေ့နှောင်းပိုင်းတွင် ပင်ဆယ်ဗေးနီးယားပြည်နယ်၌ ဒီမိုကရက်တစ် ကိုယ်စားလှယ် ဂျိုးဘိုင်ဒင် အနိုင်ရကြောင်း အတည်ပြုကြေညာတော့မည်ဖြစ်သည်။ ဂျိုးဘိုင်ဒင်မှာ အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ကိုယ်စားလှယ်မဲ ၃၀၆ မဲအထိ ရရှိမည်ဟု အမေရိကန်မီဒီယာများက ခန့်မှန်းထားပြီး ဒေါ်နယ်ထရမ့်မှာ ကိုယ်စားလှယ်မဲ ၂၃၂ မဲသာ ရရှိမည်ဟု ဆိုသည်။ ABC သတင်းဌာန၏ အစီအစဉ်တွင် ခရစ္စတီးက '' ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ သမ္မတဥပဒေအဖွဲ့ရဲ့လုပ်ရပ်က နိုင်ငံကို အရှက်ခွဲရာရောက်ပါတယ် '' ဟု ဆိုခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ