နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူသားစွမ်းရည်ပြည့်ဝရေး အားထုတ်ကြိုးပမ်း

ရန်ကုန်  နိုဝင်ဘာ  ၂၂


မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ၏ အောင်မြင်မှုအဓိကအချက်မှာ အရည်အချင်းပြည့်ဝ သည့် လုပ်သားထုဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကကျသည်။ အရွယ်ရောက်သူတိုင်း ကောင်းမွန်သည့်လုပ်ငန်း ခွင်သို့ အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေးရန်လိုအပ်သည်။

အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် ပြည်သူတို့၏ လူနေမှုအဆင့်အတန်းမြှင့်တင်ပေး နိုင်မည်ဖြစ်သည်။ လူနေမှုအဆင့်အတန်းမြင့်မားလာသည်နှင့် ဆင်ရဲမှုလျှော့ချရေးလုပ်ငန်းစဉ်များကို အထောက်အကူပြုမည်ဖြစ်သည်။ လုပ်ငန်းဈေးကွက်တွင် လူငယ်လူရွယ်များကို နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာမြှင့်တင်နိုင်မှသာ ကျွမ်းကျင်လုပ်သား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ဖြစ်မည် ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားများအား ပြည်တွင်း၊ ပြည်ပ၌ အလုပ်အကိုင်များ တိုးတက်ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ သက်ဆိုင်ရာဌာနများက အလုပ်အကိုင်အခွင့်အလမ်း၊ အလုပ်သမားဈေးကွက် ဖွံ့ဖြိုးတိုးတက်လာရေးနှင့် အလုပ်သမားများ၏ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်လာရေး အတွက် အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ သင်တန်းများကို ပုဂ္ဂလိကနှင့် ဌာနဆိုင်ရာများကပါ ပိုမို ဆောင်ရွက်လျက်ရှိသည်။

မိမိဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာ၊ အတတ်ပညာများကို လေ့လာသင်ယူလိုက်နာပြီး ကြိုးစားအားထုတ်ကာ အလုပ်လုပ်ကြရမည်ဖြစ်သည်။ ယနေ့အချိန်တွင် သိပ္ပံနှင့် နည်းပညာများ တစ်နေ့ တခြား တိုးတက်ပြောင်းလဲလျက်ရှိရာ တိုးတက်မှုကို အမီလိုက်နိုင်ရန် ယနေ့လူငယ်လူရွယ်များသည် သာမန် တတ်မြောက်သည်နှင့် ရောင့်ရဲတင်းတိမ်မနေဘဲ အစဉ်ကြိုးပမ်းအားထုတ်ရမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးသည် တစ်နိုင်ငံလုံး စီးပွားရေးကဏ္ဍတွင် ၇၀ ရာခိုင်နှုန်းရှိသည်။ ဆောက်လုပ် ရေးလုပ်ငန်းများ ရပ်ဆိုင်းထားပါက နိုင်ငံစီးပွားရေး အခြေခံဆောက်လုပ်ရေးလုပ်သားများနှင့် ဝန်ထမ်းများ စားဝတ်နေရေး အခက်အခဲမဖြစ်ပေါ်စေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်သည့် လမ်းညွှန်ချက်၊ ရန်ကုန်တိုင်းဒေသကြီး ဆောက်လုပ်ရေးလုပ်ငန်းများဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ စစ်ဆေးချက်ပုံစံ (၁၈)ချက်တွင် လုပ်ငန်းခွင်နှင့် လိုက်လျောညီထွေသည့် အချက်များကို လိုက်နာဆောင်ရွက်ထားပါက တိုင်းဒေသကြီးအတွင်းရှိ ဆောက်လုပ် ရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ခွင့်ပြုကြောင်း သက်ဆိုင်ရာက အသိပေးထားသည်။

ကိုဗစ်အလွန် ဆောက်လုပ်ရေးကဏ္ဍဖွံဖြိုးတိုးတက်ရန် ဆောက်လုပ်ရေးလုပ်ငန်းများကို တိုင်းဒေသကြီး အစိုးရက မြန်မြန်ဆန်ဆန်ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောက် လုပ်ရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ရေး လုပ်ငန်းပေါင်း ၄၀၀ ကျော် လျှောက်ထားပြီး လုပ်ငန်း ၁၀၀ ကျော် ခွင့်ပြုဆောင်ရွက်လျက်ရှိရာ ဆောက်လုပ်ရေးလုပ်ငန်းများရှိ လုပ်သားထုတစ်ရပ်လုံး COVID-19 ရောဂါ မကူးစက်ရေးနှင့် ဖြစ်ပေါ်လာပါက အချိန်မီကုသရေး စီမံဆောင်ရွက်ထားမှုများကို အလေးထားလုပ်ဆောင်ရန် လိုအပ်သကဲ့သို့ ရောဂါကူးစက်မှုဘေးမှ လွတ်ကင်းအောင် သတိ အသိဖြင့် လိုက်နာဆောင်ရွက်စေချင်ကြောင်း ။            ။






အခြားဆက်စပ်သတင်းများ