နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျပန်-မြန်မာ ပုံမှန်နယ်စပ် ကုန်သွယ်မှုကန်ဒေါ်လာ နှစ်ဘီလျံနီးပါး ရှိ

ရန်ကုန်၊ နိုဝင်ဘာ ၂၂


ဘဏ္ဍာနှစ်အလိုက် (နိုင်ငံအလိုက်) ပုံမှန်/နယ်စပ်ကုန်သွယ်မှုပမာဏစာရင်းအရ  မြန်မာနှင့် ဂျပန်နိုင်ငံအကြား ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ နှစ်ဘီလျံနီးပါးထိရှိခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ နိုဝင်ဘာ ဒုတိယအပတ်အတွင်း ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်များအရ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှုတွင် မြန်မာဘက်မှ ဂျပန်သို့ ကုန်ပစ္စည်း အမေရိ ကန်ဒေါ်လာ ၁၃၅၄ ဒသမ ၃၆၉  သန်းဖိုးတင်ပို့ခဲ့ပြီး ဂျပန်မှ မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၅၇၃  ဒသမ ၉၉၀ သန်းပမာဏရှိသည့် ကုန်ပစ္စည်း ပြန်လည်တင်ပို့ခဲ့ကာ ဘဏ္ဍာနှစ်အတွင်း စုစုပေါင်းကုန်သွယ်မှုပမာဏမှာ ၁၉၂၈ ဒသမ ၃၆၀ သန်းဖြစ်ပြီး ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာသန်း ၇၈၀ ကျော် ဖြစ်ပေါ်ခဲ့သည်။

စက်တင်ဘာလ တစ်လတာကာလအတွင်း ဂျပန်-မြန်မာကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၁၉၇ ဒသမ ၂၃၁ သန်း ရှိခဲ့ကာ မြန်မာဘက်မှ ၁၄၄ ဒသမ ၆၄၇ သန်း တင်ပို့ခဲ့ပြီး ဂျပန်ဘက်မှ ပြန်လည်တင်သွင်းမှုမှာ    အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၅၈၄ သန်းရှိကြောင်း သိရသည်

ပြီးခဲ့သည့် ၅ နှစ်တာကာလအတွင်း ဂျပန်-မြန်မာကုန်သွယ်မှုကိုပြန်ကြည့်ပါက ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ် တွင် အမေရိကန် ဒေါ်လာ ၁၈၀၉ ဒသမ ၄၈၆ သန်း၊ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၂၃၀၅ ဒသမ ဝ၅၈ သန်း၊ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၁၈၄၅ ဒသမ ၉၇၈ သန်း၊ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၂၀၃၁ ဒသမ ရ၉၁ သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၉၂၁ ဒသမ ၉၀၄ သန်း၊ ၂၀၁၈ ကာလတိုဘတ်ဂျက်ကာလတွင် အမေရိကန် ဒေါ် လာ ၁၀၉၅ ဒသမ ၈၄ ၄ သန်း နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တွင် အမေရိကန်ဒေါ်လာ ၁၈၈၆ ဒသမ ၀၄၆သန်း ကုန်သွယ်ခဲ့ကြောင်း သိရသည်။

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ