နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စိုက်ပျိုးစရိတ်ချေးငွေ အတိုးနှုန်းများ ထပ်မံလျှော့ချ

ရန်ကုန်၊  မေ  ၂

 မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှလက်ရှိ ထုတ်ချေးပေးလျက်ရှိသော စိုက်ပျိုးရေးချေးငွေ၊ ကျေးလက် ဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေ (JICA, Two Step Loan) နှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ နှစ်ဆင့်ချေးငွေ (MEB, Two Step Loan) ချေးငွေများအပေါ် ကောက်ခံသည့် အတိုးနှုန်းများကို ထပ်မံပြင်ဆင်လျှော့ချလိုက် ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က သတင်းထုတ်ပြန်သည်။

လက်ရှိ ပြင်ဆင်သတ်မှတ်မှုတွင် စိုက်ပျိုးစရိတ်ချေးငွေကို တစ်နှစ်လျှင် ၇ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်း၊ ကျေးလက်ဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေများကို တစ်နှစ်လျှင် ၆ ဒသမ ၅ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ နှစ်ဆင့် ချေးငွေများကို တစ်နှစ်လျှင် ၈ ရာခိုင်နှုန်းမှ ၆ ဒသမ၅ ရာခိုင်နှုန်း စသည်ဖြင့်         ပြောင်းလဲလျှော့ချလိုက်ခြင်းဖြစ်သည်။

ထို့ပြင် တောင်သူများ၏ စုဆောင်းအပ်နှံငွေအပေါ်ပေးမည့် အတိုးနှုန်းကိုလည်း ထုတ်ချေးငွေအပေါ် အတိုးနှုန်းနှင့် လိုက်လျောညီထွေဖြစ်စေရန် လက်ရှိ အတိုးနှုန်း တစ်နှစ်လျှင် ၆ ဒသမ ၅ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်း သို့ ပြင်ဆင်သတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးငွေ နှင့် စုဆောင်းအပ်ငွေတို့အပေါ် ပြင်ဆင်သတ်မှတ်သည့် အတိုးနှုန်းသည်  ၂၀၂၀ ပြည့်နှစ်၊ မေလ ၁ ရက်မှ စတင်အကျိုး သက်ရောက်မည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

(မေဘယ်လ်အောင်)






အခြားဆက်စပ်သတင်းများ