နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ကြီးမြို့နှင့် တာချီလိတ်မြို့တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

တောင်ကြီး မေ ၂

မေ ၁ ရက်၊ နံနက်  ၉ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ(၁)၊ ပန်းတင်လမ်းခွဲ(၁၈)၊ အိမ်အမှတ်(၆/၉၇)နေ ဌေးအောင်(ခ)လအန်၏ နေအိမ်အားရှာဖွေရာ နေအိမ်ဧည့်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃,၂၄၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ဌေးအောင်(ခ)လအန်(၄၁)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

အလားတူ မေ ၁ ရက်၊ နံနက် ၈ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ကွက်သစ်လမ်းတွင် ကိုကိုလွင်မောင်းနှင်ပြီး အာကာဇော် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ ဆိုင်ကယ်ရှေ့ခွကြား ခြင်းတောင်းအတွင်းရှိ ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀,၀၀၀ ပြား၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါသည်။

ဆက်လက်၍ သတင်းဆက်အရ မွန်းတည့် ၁၂ နာရီခွဲအချိန်တွင် တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ ငွေစေတီလမ်းရှိ အာကာဇော်၏ နေအိမ်ကိုရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၈,၆၀၀ ပြား ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် အာကာဇော်(၃၈)နှစ်၊ ကိုကိုလွင် (၄၇)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။         

ဆွေဦး






အခြားဆက်စပ်သတင်းများ