နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုယ့်အကျိုးဟုဆိုသော်လည်း

နိုဝင်ဘာ  ၂၁

အကြမ်းဖက်စေခိုင်းမှုသည် ကျေးကျွန်စနစ်သာဖြစ်သည်။ ယင်းသည် လူ့ဘဝအတွက် လိုအပ်ချက်တစ်ရပ် ဖြစ်သည်ဟုဆိုနိုင်သော်လည်း မျက်မှောက်ကာလတွင် မရှိအပ်သော စနစ်ဖြစ်သည်။ ယခုအခါ ကျေးကျွန်ကဲ့သို့ ပြုမူဆက်ဆံထိတွေ့မှုများရှိနေသည်ကို တွေ့နေရသည်။ ယင်းတို့မှာ အိမ်ဖော်ကဲ့သို့ အလုပ်၊ လူ့ခန္ဓာကိုယ်နှင့် ရင်းနှီးလုပ်ကိုင်ရသော အလုပ်များ၊ ကလေးလုပ်သားများဖြစ်ကြသည်။ ထိုအလုပ်အကိုင်များမှာ နိုင်ငံတိုင်းတွင် ရှိနေဆဲဖြစ်သည်ကို တွေ့ရသည်။

အတင်းအဓမ္မအကြမ်းဖက်ခိုင်းစေသည့်အမှုများကို တွေ့နေရသည်မှာ ဝမ်းနည်းဖွယ်ပင်ဖြစ်သည်။ အချို့သော သွယ်ဝိုက်စေခိုင်းမှုမျိုးဖြစ်သည့် သာမန်အဖိုးစားနားပေးပြီး အတင်း အဓမ္မ စေခိုင်းမှုများ၊ အလွန်အကျွံစေခိုင်းမှုများ လည်းရှိသည်။ လူ့အဖွဲ့အစည်းအတွင်း မိမိလုပ်ငန်းအကျိုးစီးပွား အတွက် လုပ်ကိုင်မှုများဖြစ်သော်လည်း အလုပ်လုပ်နိုင်ခွင့်အတိုင်းအတာ၊ အလုပ်သမားအကျိုးခံစားခွင့်များ ထိခိုက်နစ်နာမှုမရှိစေရေး သတိပြုကြရပေမည်။

အလုပ်မလုပ်မီတွင် လစာကောင်းမည်။ အကျိုးခံစားခွင့် များများရမည့် မက်လုံးအမျိုးမျိုးပေးပြီး လက်တွေ့တွင် မူလအခြေအနေနှင့်မတူဘဲ တင်းကျပ်စွာ ခိုင်းစေပြီး မပြောင်းနိုင်၊ မရွှေ့နိုင်အောင် ပြုလုပ်ထားခြင်းသည် အဓမ္မစေခိုင်းမှုအသွင်ဆောင်လာသည်။ နိုင်ငံတကာ အလုပ်အကိုင်အခြေအနေများ သုံးသပ်ထားချက်အရ တစ်ကမ္ဘာလုံးတွင် အမျိုးသမီးနှင့် ကလေးသူငယ် နှစ်သန်းကျော်မှာ အတင်းအဓမ္မခိုင်းစေသည့်အလုပ်များထဲတွင် ကျင်လည်နေသည်ဟု သိရသည်။

မိမိတို့နိုင်ငံအနေဖြင့် မသန်စွမ်းကလေးသူငယ်များ၊ အလုပ်လုပ်နေရသောကလေးများ၊ ရွှေ့‌ပြောင်းကလေး များ၊ တိုက်ပွဲရှောင်ကလေးများ၊ လူကုန်ကူးခံရသောကလေးများ၊ ရင်ခွင့်မဲ့ကလေးများ၊ လမ်းပေါ်နေကလေးများ၊ သက်ငယ်မုဒိမ်းကျူးလွန်ခံရသော ကလေးငယ်များ၊ ဥပဒေနှင့် ရင်ဆိုင်နေရသော ကလေးများအတွက် ကြိုတင် ကာကွယ်ရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် လူမှုအသိုင်းအဝန်းအတွင်း ပြန်လည် ဝင်ဆံ့နိုင်ရေးတို့ကိုလည်း သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာအစိုးရများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ယူနီဆက်(မြန်မာ) အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်းပြီး အချိန်နှင့်တစ်ပြေးညီ လိုအပ်ချက်များဖော်ထုတ်ကာ အစီအမံများချမှတ်အကောင်အထည်ဖော် ဆောင်ရွက် ပေးရန်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးက ကမ္ဘာ့ကလေးများနေ့ အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။

ယခုအချိန်အခါသည် COVID-19 ကပ်ရောဂါကျရောက်ဆဲကာလဖြစ်သည့်အတွက် ကလေးသူငယ်များ၏ အခွင့်အရေးများ ဖော်ဆောင်ပေးရာတွင် အခက်အခဲများကြုံတွေ့နေရသော်လည်း ကလေးသူငယ်များနှင့် ပတ်သက်၍ ကလေးသူငယ်များ၏ မွေးရာပါ အခွင့်အရေး မဆုံးရှုံးစေရန် ကလေးတိုင်း လက်လှမ်းမီ တန်းတူ ညီတူရရှိနိုင်ရန် ကလေးသူငယ်များ၏ လိုအပ်ချက်များကို တာဝန်ရှိသူများ၊ တစ်ဦးချင်း၊ အဖွဲ့အစည်းအချင်းချင်း ပူးပေါင်းပါဝင် ကူညီစောင့်ရှောက်စေချင်ကြောင်း . . . . . ။           ။






အခြားဆက်စပ်သတင်းများ