နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သတိပြုလိုက်နာ ဆောင်ရွက်စေချင်

နိုဝင်ဘာ  ၂၀


ရာသီဥတုအပြောင်းအလဲတွင် ကူးစက်တတ်သောရောဂါများ ကူးစက်ခံရခြင်းကြောင့် နာမကျန်းဖြစ်ရခြင်း ဖြစ်ပေါ်လာနိုင်၏။ ရာသီတုပ်ကွေးရောဂါ (Seasonal Influenza) သည် တုပ်ကွေးရောဂါဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပြီး ရောဂါပိုးသည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အခြားလူများသို့ ကူးစက်နိုင်ပါသည်။ ကမ္ဘာပေါ် တွင် ရာသီတုပ်ကွေးရောဂါကြောင့် နှစ်စဉ် လူဦးရေ သုံးသန်းမှ ငါးသန်းအထိ သေဆုံးလျက်ရှိကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ စစ်တမ်းအရ သိရသည်။ ရာသီတုပ်ကွေးရောဂါဖြစ်ပွားပါက ဖျားခြင်း၊ နှာရည်ယိုခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခဲခြင်း၊ အစားအသောက် ပျက်ခြင်းတို့ ဖြစ်နိုင်သည်။ ရောဂါပြင်းထန်လျှင် အဖျားကြီးခြင်း၊ ချောင်းအလွန်ဆိုးခြင်း၊ အသက်ရှူခက်ခဲခြင်း၊ မောခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ဂဏှာမငြိမ်ဖြစ်ခြင်းနှင့် သတိလစ်ခြင်းတို့ ဖြစ်ပွားပြီး အသက်ဆုံးရှုံးနိုင်သည်။ ရာသီတုပ်ကွေးရောဂါသည် လူတစ်ဦးမှတစ်ဦးသို့ လျင်မြန်စွာကူးစက်ကာ လူတိုင်းတွင် ရောဂါဖြစ်ပွားနိုင်ပြီး မိုးတွင်းနှင့် ဆောင်းကာလများတွင် ကပ်ရောဂါအသွင်ပိုမိုဖြစ်ပွားနိုင်သည်။ အဆိုပါရောဂါသည် သာမန်အားဖြင့် မပြင်းထန်သော်လည်း ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်ကြီးသူများ၊ နာတာရှည်ရောဂါ ရှိသူများတွင် ရောဂါဖြစ်ပွားပါက ရောဂါပိုမိုပြင်းထန်ပြီး တုပ်ကွေးရောဂါ၏ ဘေးထွက်ဆိုးကျိုးများကြောင့် အသက်ဆုံးရှုံးနိုင်သည်။

ယနေ့ကာလသည် ကမ္ဘာ့ကပ်ရောဂါ Coronavirus Disease 2019 ဖြစ်ပွားနေသောအချိန်ကာလဖြစ်သည့် အတွက် မိမိတို့နိုင်ငံအနေဖြင့် အဆိုပါကပ်ရောဂါကို စနစ်တကျ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသောအချိန်ကာလဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံ၏ ရာသီဥတုအခြေအနေမှာ ဆောင်းရာသီသို့ ကူးပြောင်းချိန်ဖြစ်ပြီး သဘာဝအားဖြင့် ဗိုင်းရပ်စ်ရောဂါပိုးများအတွက် ရောဂါကူးစက်ပြန့်ပွားမှုကို ပိုမိုဖြစ်စေ နိုင်သောကာလဖြစ်သဖြင့် ပွင့်လင်းရာသီအချိန်များနှင့် ရုံးပိတ်ရက်ရှည်ကာလများတွင် ပြည်သူလူထုအနေဖြင့် ခရီးသွားလာခြင်းပြုပါက ရောဂါပိုးကူးစက်မှု ပိုမိုပြန့်ပွားစေနိုင်သည်။ ပြည်သူလူထုအနေဖြင့် မလိုအပ်ဘဲ ခရီးသွားလာခြင်း၊ လူစုလူဝေးပြုလုပ်ခြင်း စသည်တို့ကို ဆောင်ရွက်ခြင်းမပြုဘဲ ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ပန်ကြားချက် ထုတ်ပြန် ထားသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ နေအိမ်တွင်နေထိုင်ရေးအစီအစဉ် (Stay at Home) တွင် အကျုံးဝင်သော မြို့နယ်များနှင့် ရောဂါဖြစ်ပွားသောမြို့နယ်များတွင် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့မျာ၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနများသည် လူမှုရေး အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲရေး ဆက်သွယ်ပညာပေး မျက်နှာနှင့်နှာခေါင်း မဖြစ်မနေတပ်ဆင်ရေး လူထု လှုပ်ရှားမှုစီမံချက် ကို ဆောင်ရွက်လျက်ရှိရာ ပြည်သူလူထုကလည်း Mask တပ်ခြင်း၊ Face Shield မျက်နှာအကာ မဖြစ်မနေတပ်ဆင်ခြင်း၊ လက်ဆေးခြင်း၊ Social Distancing တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း၊ လူစု လူဝေးကိုရှောင်ကြဉ်ခြင်းဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်စေချင်ကြောင်း  . . . . . ။         ။






အခြားဆက်စပ်သတင်းများ