နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပုပ်ရဟန်းမင်းကြီး၏ အင်စတာဂရမ်အကောင့်က ဘရာဇီးမော်ဒယ်၏ ဓာတ်ပုံကို Like လုပ်ခဲ့၍ စုံစမ်းစစ်ဆေးနေ

နိုဝင်ဘာ ၂၀၊ ရောမ


ပုပ်ရဟန်းမင်းကြီး၏ တရားဝင် အင်စတာဂရမ်အကောင့်က မလုံမခြုံ ဝတ်ဆင်ထားသည့် ဘရာဇီး မော်ဒယ်တစ်ဦး၏ ဓာတ်ပုံကို Like လုပ်ခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုပြုလုပ်နေသည်ဟု ဗာတီကန် နန်းတော်က ပြောသည်။ ကျောင်းဝတ်စုံ ဝတ်ဆင်ထားသည့် ဘရာဇီးမော်ဒယ် ဂါရီဘော့တို၏ ဓာတ်ပုံကို ပုပ်ရဟန်းမင်းကြီး၏ တရားဝင်အင်စတာဂရမ်အကောင့်က မည်သည့်အချိန်တွင် Like လုပ်ခဲ့ခြင်းဖြစ်ကြောင်း တိတိကျကျ မသိရသေးပေ။


ပုပ်ရဟန်းမင်းကြီးအကောင့်က ဂါရီဘော့တို၏ ဓာတ်ပုံကို Unlike မလုပ်မီ ပြီးခဲ့သည့် သောကြာနေ့ကတည်းက မီဒီယာများက အဆိုပါသတင်းကို ဖော်ပြခဲ့ခြင်းဖြစ်သည်။ '' ပုပ်ရဟန်းမင်းကြီးက Like လုပ်တာလားဆိုတဲ့အချက်ကိုတော့ ဖယ်ထုတ်ထားလို့ ရပါပြီ။ ဖြေရှင်းချက်ပေးနိုင်ဖို့ အင်စတာဂရမ် လူမှုကွန်ရက်ကို မေးမြန်းထားတယ်''ဟု ဗာတီကန်နန်းတော်၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။


franciscus ဆိုသည့် အမည်ဖြင့် အသုံးပြုသည့် ပုပ်ရဟန်းမင်းကြီး၏ တရားဝင် အင်စတာဂရမ်အကောင့်မှာ Follower ၇ ဒသမ ၄ သန်းရှိသည်။ ပုပ်ရဟန်းမင်းကြီး၏ အကောင့်ကို ဝန်ထမ်းအဖွဲ့တစ်ဖွဲ့က စီမံခန့်ခွဲနေခြင်းဖြစ်၍ အတွင်းရေး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ