နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သမ္မတနိုင်ငံ၏ နှုန်းစံတန်ဖိုးကြေညာစာတမ်းကို လက်ခံရန် အစ္စလာမ်ခေါင်းဆောင်များကို ပြင်သစ်သမ္မတ တိုက်တွန်း

နိုဝင်ဘာ ၂၀၊ ပါရီ


အစွန်းရောက်အစ္စလာမ်ဝါဒကို တားဆီးထိန်းချုပ်မှု တစ်စိတ်တစ်ပိုင်းအဖြစ် သမ္မတနိုင်ငံ၏ နှုန်းစံတန်ဖိုး ကြေညာစာတမ်းကို လက်ခံရန် ပြင်သစ်သမ္မတ မက်ခရွန်က အစ္စလာမ်ခေါင်းဆောင်များကို တိုက်တွန်းခဲ့သည်။ သမ္မတနိုင်ငံ၏ နှုန်းစံတန်ဖိုး ကြေညာစာတမ်းကို ၁၅ ရက်အတွင်း လက်ခံရန် ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့တွင် မက်ခရွန်က French Council of the Muslim Faith (CFCM)ကို အချိန်သတ်မှတ်ပေးခဲ့သည်။ CFCM က ဗလီဆရာများကို တရားဝင်အသိအမှတ်ပြု လက်မှတ်ထုတ်ပေးမည့် ဗလီဆရာများ အမျိုးသားကောင်စီဖွဲ့စည်းရန် သဘောတူညီခဲ့သည်။ ဗလီဆရာများကို ထုတ်ပေးသည့် တရားဝင်အသိအမှတ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းနိုင်သည်ဟု ဆိုသည်။


တစ်လကျော်ကာလအတွင်း ပြင်သစ်နိုင်ငံတွင် အစ္စလာမ်အကြမ်းဖက်တိုက်ခိုက်မှုဟု ယူဆရသည့် တိုက်ခိုက်မှု ၃ ခုဖြစ်ပွားခဲ့ပြီးနောက် မက်ခရွန်က သမ္မတနိုင်ငံ၏ နှုန်းစံတန်ဖိုး ကြေညာစာတမ်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါကြေညာစာတမ်းတွင် အစ္စလာမ်ဘာသာမှာ ကိုးကွယ်ယုံကြည်မှုတစ်ရပ် ဖြစ်ပြီး နိုင်ငံရေးလှုပ်ရှားမှုမဟုတ်ကြောင်း ဖော်ပြထားသည်။


ထို့အပြင် မွတ်စလင်အဖွဲ့များကို ပြည်ပက ကြားဝင်စွက်ဖက်ခြင်းအား တားမြစ်ထားသည်။ တမန်တော်မိုဟာမက်ပုံ ကာတွန်းပြခဲ့သည့် ကျောင်းဆရာကို ခေါင်းဖြတ်သတ်ခဲ့သည့် ဖြစ်ရပ်အပါအဝင် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် မက်ခရွန်က ပြင်သစ်နိုင်ငံ၏ လောကီဝါဒကို အခိုင်အမာ ကာကွယ်သွားခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ