နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အောက်စဖို့ဒ်တက္ကသိုလ်၏ ကာကွယ်ဆေးက သက်ကြီးရွယ်အိုများကို ကိုယ်ခံအားကောင်းစေဟု တွေ့ရှိ

နိုဝင်ဘာ ၂၀၊ လန်ဒန်


ကနဦး စမ်းသပ်ထိုးနှံမှုရလဒ်များအရ အောက်စဖို့ဒ်တက္ကသိုလ်မှ ဖော်စပ်သည့် COVID-19 ကာကွယ်ဆေးမှာ သက်ကြီးရွယ်အိုများတွင် အားကောင်းသည့် ကိုယ်ခံအားစနစ် ဖြစ်ပေါ်စေနိုင်ကြောင်း တွေ့ရှိခဲ့သည်။ ပထမအဆင့်နှင့် ဒုတိယအဆင့် စမ်းသပ်ထိုးနှံမှု ရလဒ်များအရ COVID-19 ရောဂါ ကူးစက်နိုင်ခြေအများဆုံး၊ သေဆုံးနိုင်ခြေအများဆုံးဖြစ်သည့် သက်ကြီးရွယ်အိုများတွင် အားကောင်းသည့် ကိုယ်ခံအားစနစ် ဖြစ်ပေါ်စေသည်ဟု တွေ့ရကြောင်း The Lancet ဆေးပညာစာစောင်တွင် ဖော်ပြသည်။


Pfizer ကာကွယ်ဆေးက အသက် ၆၅ နှစ်အထက် အရွယ်ရှိသူများကို COVID-19 ရောဂါကူးစက်မှုမှ ၉၄ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်သည်ဟု ကြေညာခဲ့ပြီးနောက် တစ်ရက်အကြာတွင် The Lancet ဆေးပညာစာစောင်က ယခုကဲ့သို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။


''လုပ်စရာတွေ အများကြီးကျန်ပါသေးတယ်။ ဒါပေမဲ့ အောက်စဖို့ဒ်တက္ကသိုလ်နဲ့ AstraZeneca ကုမ္ပဏီတို့ ပူးပေါင်းဖော်စပ်တဲ့ဆေးရဲ့ အာနိသင်ထိရောက်တယ်ဆိုတဲ့ ရှာဖွေတွေ့ရှိချက်က တကယ့်ကို အားတက်စရာကောင်းပါတယ်'' ဟု ဗြိတိန်ကျန်းမာရေးဝန်ကြီး ဟန်းကော့က တွစ်တာပေါ်တွင် ရေးသား ခဲ့သည်။ ဒုတိယအဆင့် စမ်းသပ်မှုတွင် ကျန်းမာရေးကောင်းသည့် စေတနာ့ဝန်ထမ်း ၅၆၀ နီးပါး စမ်းသပ်ထိုးနှံမှု ခံယူခဲ့ပြီး ယင်းတို့ကို နှစ်သုတ်ခွဲ၍ ကာကွယ်ဆေး ၂ ကြိမ် သို့မဟုတ် အာနိသင်မဲ့ ကာကွယ်ဆေး ထိုးနှံကာ စမ်းသပ်ခဲ့ခြင်းဖြစ်သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ