နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပီဇာဆိုင် အလုပ်သမားတစ်ဦးက လိမ်ပြောခဲ့၍ တောင်ပိုင်းသြစတြေးလျပြည်နယ်တစ်ခုလုံး ပိတ်ဆို့မှုလုပ်ခဲ့ရ

နိုဝင်ဘာ ၂၀၊ ဆစ်ဒနီ


COVID-19 ရောဂါပိုး ကူးစက်ခံရသူ အမျိုးသားတစ်ဦးက ပီဇာဆိုင်တွင် အလုပ်လုပ်ခြင်းကို လိမ်ပြောခဲ့ကြောင်း တွေ့ရှိခဲ့ပြီးနောက် တောင်ပိုင်းသြစတြေးလျပြည်နယ်တစ်ခုလုံးကို ပိတ်ဆို့ရန် ဆုံးဖြတ်လိုက်ခြင်းဟု ရဲတပ်ဖွဲ့က ပြောသည်။ ပြီးခဲ့သည့်ဧပြီလနောက်ပိုင်း ပထမဆုံး ဒေသတွင်းကူးစက်မှု တစ်ရပ်အပါအဝင် တောင်ပိုင်းသြစတြေးလျပြည်နယ်တွင် ရောဂါကူးစက်ခံရသူ ၃၆ ဦး တွေ့ရှိခဲ့ပြီးနောက် ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့မှစတင်၍ ၆ ရက်ကြာ ပိတ်ဆို့မှုလုပ်ခဲ့သည်။


အဆိုပါအမျိုးသားက ပီဇာဆိုင်တွင် အလုပ်ချိန်များစွာ အလုပ်လုပ်ခဲ့ခြင်းကို အမှန်အတိုင်းပြောခဲ့ပါက ပိတ်ဆို့မှုလုပ်ရန် လိုအပ်မည်မဟုတ်ဟု အာဏာပိုင်များက ပြောသည်။ သို့သော် အဆိုပါအမျိုးသားက ပီဇာဆိုင်တွင် အလုပ်လုပ်သည်ဟု မပြောဘဲ ပီဇာဆိုင်၏ ဖောက်သည်ဟု လိမ်ပြောခဲ့သည်။


ထို့ကြောင့် ယင်းနှင့် အနီးကပ်ထိတွေ့ခဲ့သူများကို ခွဲခြားဖော်ထုတ်နိုင်ခြင်းမရှိတော့ဘဲ အဆိုပါလူများက လူ့အဖွဲ့အစည်းအတွင်း ရှိနေသည်ဟု တောင်ပိုင်းသြစတြေးလျပြည်နယ် ရဲမင်းကြီး ဂရန့်စတီဗင်က ပြောသည်။ သြစတြေးလျနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၂၈၀၀၀ ရှိပြီး လူ ၉၀၀ နီးပါး သေဆုံးခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ